Unicode
ဝုန်းကနဲပေါက်ကွဲမှုကြောင့်
မြေကြီးတစ်ခုလုံးတုန်ခါသွားကာ
လူတွေလည်း ဟန်ချက်ပျက်ကုန်သည်။ကျန်းသခင်ကြီးက
လဲကျမလိုဖြစ်သွားသည့် ချောက်ချွမ်အား
အမြန်ဖမ်းထိန်းပြီး
Bodyguard တွေ လက်ထဲလွှဲပြောင်းပေးလိုက်သည်။" ပါပါးအဆင်ပြေရဲ့လား "
" ပြေတယ် သားငယ် "
ရိဝမ်က လက်တစ်ဖက်ကပစ္စတိုကိုင်ကာ
အပြေးရောက်လာသည်။ချက်ချင်းပဲကျန်းလုပ်ငန်းစုကလူတချို့လည်း
ဒဏ်ရာတွေကိုယ်စီနှင့်ရောက်လာပြီး
ကျန်းသခင်ကြီးကို ဦးညွတ်လိုက်ကြသည်။" တွေ့ခဲ့လား !! ပြန်ရှာလို့ရခဲ့လား !! "
" ဟုတ်ကဲ့သခင်ကြီး ... သွားနှင့်ကြပါပြီ "
" .... "
" မြန်မြန်သွားရအောင် ပါပါး !!
အာဏာပိုင်တွေ ရောက်လာရင်
ပြဿနာတက်ကုန်လိမ့်မယ် "" ..... "
.
.
.
" ဖယ် ထွက်သွား !! အခုချက်ချင်းထွက်သွား !! "
ဝုန်း !!
ဒိုင်း !!
ခွမ်း !!
လျှန်ချိုးက နိုးလာသည်နှင့်
မြတ်သူကိုတွေ့သည့်အခါ
ထုံးစံအတိုင်း သောင်းကျန်းပြန်သည်။ဘယ်လောက်ပဲ သူစိတ်တိုပြီး
သောင်းကျန်းနေပါစေ မြတ်သူကမမှု။ပေတေပြီးထိုင်ကာ ဒဏ်ရာဒဏ်ချက်တွေကို
ကြိတ်ခံသည်။သိပ်မကြာ လျှန်ချိုးက
ကုတင်ပေါ်စိတ်ပျက်လက်ပျက်ထိုင်ကာ
ငိုချသည်။ထိုအခါမှ မြတ်သူလည်း
လျှန်ချိုးအနားထသွားကာ
ခေါင်းလေးကို ရင်ခွင်ထဲထည့်ကာ
နှစ်သိမ့်ပေးမိသည်။" ငါ့ ... ငါ့ကြောင့်နဲ့ သူက ... သူကလေ
အီးးး ဟီးးးး စီချုံးရေ ....
ငါ့အမှားပါ .... တကယ်သင့်တာက ငါပါ အားးးး "" ...... "
စိတ်ထိခိုက်လွန်းနေသည့်လျှန်ချိုးကို
မြတ်သူ ဘယ်လိုနှစ်သိမ့်ရမလဲမသိတော့။