Unicode
သူတို့စကားများပြီးနောက်ရက်တွင်
ကိုယ်ပိုင်လေယာဥ်ဖြင့် မြန်မာပြည်သို့
ဆိုက်ရောက်လာကြသည်။လေယာဥ်ပေါ်ကဆင်းလာသူတွေအကုန်
အနက်ရောင်ဝတ်စုံတွေနှင့်ဖြစ်ကြပြီး
ချောက်ချွမ်လည်း နေကာမျက်မှန်နှင့်
အနက်ရောင်လက်ရှည်ကို
လက်မောင်းထိခေါက်တင်ထားကာ
ပန်ကာသေးသေးလေး ကိုင်ပြီးဆင်းလာသည်။ချောက်ချွမ်၏နောက်တွင်တော့
ကျန်းသခင်ကြီးက အနက်ရောင်ထီးကို ကိုယ်တိုင်ကိုင်ကာ
ချောက်ချွမ်ကို ဆောင်းပေးထားသည်။လာကြိုသည့်ကားများအနီးတွင်တော့
ဦးရန်ရှင်းနဲ့ ဇနီးဖြစ်သူက
ပြုံးရွှင်စွာ ရပ်နေသည်။" မင်္ဂလာပါ ကျန်းအကိုကြီး ......
ပင်ပန်းသွားရပြီ "ကျန်းသခင်ကြီးအနားရောက်တော့
ဦးရန်ရှင်းက ပြုံးကာ နှုတ်ဆက်သည်။" မဟုတ်တာ .... သားငယ်တို့အတွက်ပဲ
မပင်ပန်းပါဘူး ..... "" အားနာလိုက်တာဗျာ ....
ကလေးတွေကလည်း ထပ်စောင့်ခိုင်းတာကို
ပြောမရကြဘူး "" ဒီလိုအရွယ်ကတော့ ဘယ်လိုပြောပြော
ရမှာမဟုတ်ဘူး ရန်ညီလေးရေ .....
သူတို့စိတ်ထဲမှာ အချစ်ပဲရှိတာ .....
ဘာမှများများစားစား တွေးကြမှာ မဟုတ်ဘူး .... "" ဟုတ်ပါရဲ့ ....
အခုလည်း ကျန်းအကိုကြီးကို
လာမကြိုပဲ မန္တလေးသွားနေကြတယ် "" ထားလိုက်ပါဗျာ ....
ကလေးတွေ ပျော်ကြပါစေ .... "" ဟား ဟား ... ဟုတ်ပါပြီဗျာ...
ကဲ ... ကားပေါ်တက်ပါ နေပူတယ် "ကျန်းသခင်ကြီးက မှုန်ကုပ်နေတဲ့
ချောက်ချွမ်ကို ကားထဲအရင်ဝင်စေလိုက်ပြီး
သူပါ လိုက်ဝင်လိုက်သည်။" အရမ်းပူနေလား Baby ....
အဆင်ပြေရဲ့လား "ကား Airconက စိမ့်နေအောင်အေးပေမယ့်
ပန်ကာဖွင့်ထားဆဲဖြစ်တဲ့
ချောက်ချွမ်ကြောင့် ကျန်းသခင်ကြီး
မေးလိုက်သည်။" သိပ်မကြာပါဘူး ....
ရက်ပိုင်းလောက်ပဲ သည်းခံပေးပါ .... "အနားလာကာ ပွစိပွစိရွတ်နေတဲ့
အဘိုးကြီးကို
ချောက်ချွမ်မျက်နှာလွှဲပစ်လိုက်သည်။