Unicode
" တော်ပါပြီ ..... လူများရင် ကျနော်က
ခေါင်းကိုက်တတ်လို့ "" အဲ့တာဆို အိမ်ထဲသွားရအောင် ....
ကိုယ် သီးသန့်ပြင်ထားတာ ရှိတယ် .....
ငြင်းရင်တော့ ကိုယ်စိတ်မကောင်းဖြစ်မိမှာ ..... "ချန်ကုမင်က မျက်နှာကိုအတတ်နိုင်ဆုံး
ဝမ်းနည်းသည့်ပုံဖမ်းကာ
ချောက်ချွမ်ကို ချုပ်လိုက်သည်။ချောက်ချွမ်က နဂိုထဲက အားနာတတ်သူမို့
ထပ်ငြင်းဖို့ ခက်သွားရသည်။နောက်ပြီး ကိုယ်ရှယ်ယာဝင်ထားတဲ့
ကုမ္ပဏီပိုင်ရှင်မလား .......စိတ်ခုသွားရင် သူ့မှာဆုံးရှုံးစရာတွေ
များမှာပေါ့ ......" ဘယ်မှ သွားစရာမလိုဘူး .....
ချောက်ချွမ်က ကိုယ့်လက်အောက်က
ဝန်ထမ်းဆိုတော့ ကိုယ့်ကိုအဖော်ပြုပေးဖို့
တာဝန်အပြည့်ရှိတယ် "တွေးနေတုန်း ကျန်းသခင်ကြီးရဲ့စကားကြောင့်
ချောက်ချွမ် မျက်ခုံးတွေတွန့်ချိုးကုန်သည်။" ခင်ဗျား ပြောချင်တာက ? "
" ကိုယ့်နားမှာနေ !!! "
" ခင်ဗျား !! "
" ချောက်ချွမ်ကို ကျန်းသခင်ကြီးနဲ့
ခဏထားခဲ့လိုက်ပါ Daddy ....
ဟိုမှာ ဝန်ကြီးချုပ်ရောက်နေပြီ ....
Daddy သွားဧည့်ခံလိုက်ပါဦး "အခုချိန်ထိ ချောက်ချွမ်အနားကပ်နေသည့်
ချန်ကုမင်ကို ရိယွမ် ပထုတ်လိုက်သည်။" အာ ဝန်ကြီးချုပ်ရောက်နေတာပဲ ....
ကိုယ်သွားဧည့်ခံလိုက်ဦးမယ် .....
ကိုယ်ပြန်မလာမချင်း မပြန်သေးနဲ့ဦးနော် ...
ကိုယ် အမြန်ပြန်လာခဲ့မယ် ..... "" ဟုတ်ကဲ့ပါ ချန်သူဌေး .... "
ချန်ကုမင် မတတ်သာစွာနဲ့ ချောက်ချွမ်ဘေးမှ
ထွက်သွားရတော့သည်။" ထိုင်ပါဦး ကျန်းသခင်ကြီး.....
Daddyရဲ့ တာဝန်မကျေမှုကြောင့်
ကျန်းသခင်ကြီးကို အားနာလိုက်တာ "" ရတယ် .... ကိစ္စမရှိဘူး "
ရိယွမ်က အားနာစကားဆိုလာပေမယ့်
ကျန်းသခင်ကြီး ဝိုင်ခွက်ကိုလှုပ်ရင်း
ခပ်ပြတ်ပြတ်ပြန်ပြောလိုက်သည်။