Unicode
ကျန်းအိမ်တော်ကို ရောက်တော့
ကျန်းသခင်ကြီးကိုယ်တိုင် ချောက်ချွမ်ကို
ပွေ့ကာ ဝင်သွားခဲ့သည်။ဧည့်ခန်းမှ လျှန်ချိုးက ကျန်းသခင်ကြီးကို
မြင်တော့ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။" အကိုကြီး .... ဒါ ... ဒါက "
အကိုကြီးလက်ထဲမှ နာမည်ကြီးမင်းသား
ချောက်ချွမ်ကြောင့်
လျှန်ချိုးအလွန်အံဩထိတ်လန့်သွားရသည်။ဘာတွေဖြစ်ကုန်တာလဲ ?
" ပါးစပ်ပိတ်ပြီး လိုက်ခဲ့ !! "
ရုပ်တည်ကြီးနဲ့အဟောက်ခံလိုက်ရတာမို့
လျှန်ချိုး ကိုယ့်ပါးစပ်ကိုလက်နှစ်ဖက်နဲ့
အုပ်မိသွားသည်။စီချုံးကို လှမ်းကြည့်တော့လည်း
မျက်ခုံးနဲ့ပုခုံးကိုပြိုင်တူပင့်ကာ
တစ်ဖက်လှည့်သွား၏။သောက်နွား !!
သူငယ်ချင်းဖြစ်ပြီး အားမကိုးရဘူး !!!လျှန်ချိုးအသံတိတ်ကျိန်ဆဲလိုက်ပြီး
ကျန်းသခင်ကြီးနောက်က
လိုက်သွားတော့သည်။အခန်းထဲရောက်တော့ ကျန်းသခင်ကြီးကချောက်ချွမ်ကို မွေ့ယာပေါ်
ညင်သာစွာ ချလိုက်သည်။ထို့နောက် စီချုံးဘက်လှည့်ကာ
" ဒီသတင်းလုံးဝပေါက်ကြားလို့မဖြစ်တာ
သိတယ်မလား "" သိပါတယ် ..... သခင်ကြီး "
" အကုန်အဆင်ပြေသွားအောင်
စီစဥ်လိုက် .....
ငါ့ပိုင်ဆိုင်မှုတွေ ဘယ်လောက်ကုန်ကုန်
ကိစ္စမရှိဘူး .....
အရေးကြီးဆုံးက ဒီကလေး
နာမည်မပျက်ဖို့ပဲ .......
နားလည်လား ..... "" နားလည်ပါပြီ သခင်ကြီး "
" သွားတော့ !! "
" ဟုတ်ကဲ့ .... "
စီချုံးက ဦးညွတ်ကာ
ထွက်ခွာသွားတော့သည်။" သူ့ကို ကုပေးရမှာလား "
ကျန်ခဲ့သော လျှန်ချိုးဆီမှ
ထွက်ပေါ်လာသော အသံ ......ကျန်းသခင်ကြီး ခေါင်းငြိမ့်ပြလိုက်သည်။
လျှမ်ချိုးမှာ ဖြစ်စဥ်ကိုမေးချင်ပါသော်လည်း
စိတ်ရှုပ်နေဟန်ရှိသည့်
အကိုကြီးမျက်နှာကြောင့် မမေးရဲချေ။
![](https://img.wattpad.com/cover/288273018-288-k252721.jpg)