Unicode
ခင်ပွန်းသည်အဖြစ်တစ်လတိတိနေရန်
လက်ခံပြီးနောက်
ချောက်ချွမ်၏နောက်တစ်နေ့နံနက်ခင်းသည်
ကျန်းသခင်ကြီး၏ သန်မာလှသော
လက်မောင်းများကြားတွင်
ညှင်သာစွာ နိုးထလာရသည်။ကော့တက်နေတဲ့မျက်တောင်စိပ်စိပ်တွေကို
တဖျပ်ဖျပ်ခတ်ရင်း ပတ်ဝန်းကျင်ကို
ကြည့်မိတော့ အလင်းရောင်တောင်လာနေပြီ။ထဖို့တွေးလိုက်မိပေမယ့် နောက်ကျောဆီက
လှုပ်ရှားမှုကြောင့်
မျက်ဝန်းတို့ကို မှိတ်ချပစ်လိုက်မိသည်။လက်မောင်းတစ်ဖက်က
ထုံကျင်မှုကြောင့် ကျန်းသခင်ကြီး
နိုးလာသည်။နိုးနိုးချင်း Babyကိုကြည့်မိတော့
သူ့ရဲ့ ထုံကျင်နေတဲ့လက်မောင်းကို
ခေါင်းအုံးလျှက် ကျောပေးကာ
အိပ်နေဆဲဖြစ်သည်။သူပြုံးလိုက်မိရင်း Babyခါးကိုဖက်ကာ
သူ့ဘက်ကိုဆွဲယူလိုက်ရင်း
ဖွေးအုနေတဲ့ လည်ဂုတ်သားလေးကို
တဖွဖွနမ်းနေမိသည်။Babyက သူ့ခင်ပွန်းသည်အဖြစ်နေဖို့
လက်ခံလိုက်ပြီမို့ သူ့ခံစားချက်တွေကို ထိန်းချုပ်မနေချင်တော့ ......တစ်လဆိုတဲ့အချိန်က
သိပ်ကိုတိုလွန်းသည်လေ .....ဂုတ်သားဖွေးဖွေးကိုနမ်းနေရင်းမှ
အားမရဖြစ်လာမိသည့်အခါ
Babyကို ဆွဲလှန်လိုက်ရင်း
အပေါ်ကနေအုပ်မိုးကာ
နှုတ်ခမ်းသားအိအိလေးကို
အသာဖိကပ်လိုက်မိသည်။မိနစ်ဝက်မျှ ထိုသို့ထိကပ်ထားပြီးနောက်
အားမရဖြစ်လာကာ
အပေါ်နှုတ်ခမ်းလေးကို စုပ်ယူလိုက်သည်။မိမိနှုတ်ခမ်းနှစ်လွှာကြားရှိ
Baby နှုတ်ခမ်းလေးကိုကို လျှာဖျားလေးဖြင့်
ထိုးဆွပွတ်တိုက်ပြီး အောက်နှုတ်ခမ်းကို
တစ်ဖန် ငုံခဲလိုက်သည်။နူးညံ့အိထွေးမှုက သူ့ကိုမရပ်တန့်ဖို့
တရှိုက်မတ်မတ်ဆွဲခေါ်သည်။စိတ်၏လိုရာကိုလိုက်ပြီးနောက်
ကြည့်လိုက်တော့ Babyနှုတ်ခမ်းလေးက
ဖူးယောင်ကာ စိုကြွလာသည်။ထို့အတူ Babyကလည်း နိုးလာကာ
သူ့ကိုသူခိုးဖမ်းသလိုကြည့်နေတော့သည်။