Part (46)

2.7K 155 14
                                    

Unicode

" ခင်ဗျားခရီးထွက်လာတာလား "

တရိပ်ရိပ်ပြေးနေသော ကားလေးပေါ်က
တိတ်ဆိတ်မှုကို ချောက်ချွမ်ဖြိုခွင်းလိုက်သည်။

" အင်း ... ဆိုပါတော့ "

လျှန်ချိုးမျက်နှာက အစောကနှင့်မတူစွာ
ညှို့မှိုင်းနေသည်။

" ခင်ဗျားရဲ့ ဟိုBodyguard ရော "

အမြဲတပူးပူးတွဲတွဲသွားလေရာပါသူကို
မတွေ့တာကြောင့် ချောက်ချွမ်မေးလိုက်မိသည်။

ယခင်ကဆို ထိုBodyguardက
လျှန်ချိုးဘယ်သွားသွားနောက်ကပါလေ့ရှိသလို လျှန်ချိုး၏မျက်နှာပေးခံရဆုံးသော
သူလည်းဖြစ်သည်။

ထို့ကြောင့် မေးလိုက်မိခြင်းက
ချောက်ချွမ်အမှားတော့မဟုတ်ပါချေ။

" သူပြန်သွားပြီ "

" ဟင် ... ဘာဖြစ်လို့လဲ "

" စေ့စပ်ဖို့တဲ့ "

" ဪ "

ချောက်ချွမ် ဆွံအ,သွားမိသည်။

လျှန်ချိုးမျက်နှာမကောင်းတာမို့
ဆက်မမေးတော့။

တဖြေးဖြေးကားက Vegas 9 Hotel ရှေ့
ေရာက်လာသည်။

Taxi Driver က ကားကိုရပ်လိုက်ပြီး

" ရောက်ပါပြီ မစ္စတာ "

" Thank you "

" Thank you "

နှစ်ယောက်လုံး Luggageအိတ်
ကိုယ်စီဆွဲကာ ကားပေါ်ဆင်းလိုက်ကြသည်။

Hotelကမြို့စွန်ဘက်လောက်မှာဖြစ်ပြီး
လူအသွားအလာမပြတ်ပေမယ့်
မြို့ထဲလောက်တော့လူမစည်ပေ။

Taxiကားက သူပို့ရမယ့်နေရာကို
ပို့ပြီးတာမို့ ပြန်မောင်းထွက်သွားလေသည်။

" အကိုကြီးက ဒီလိုနေရာမှာတည်းပါ့မလား "

လျှန်ချိုးရဲ့တွေးဆဆအပြောကို
ချောက်ချွမ်လည်း လက်ခံမိသည်။

Hotelထဲဝင်ဖို့ပြင်လိုက်စဥ်
Hotelထဲမှ အနက်ရောင်ဝတ်စုံနှင့်
လူတွေထွကလာပြီး သူတို့နှစ်ဦးကို
ဝိုင်းလိုက်ကြသည်။

" မင်းတို့ဘယ်သူတွေလဲ !! "

" ဖမ်း !!! "

ခေါင်းဆောင်ဖြစ်ဟန်တူသူက
အမိန့်ပေးလိုက်သည်နှင့်
ချောက်ချွမ်ခေါင်းထဲ ပူကနဲဖြစ်သွားသည်။

 Are You Hurting Dear ? ( Complete )Where stories live. Discover now