Part (29)

2.1K 151 23
                                    

Unicode

လူယုံတွေအပြည့်ခြံရံလျက်
ကျန်းသခင်ကြီး Barထဲကို ဝင်လာသည်။

" ဘာ .. ဘာများကူညီပေးရမလဲ ခင်ဗျာ "

ဆိုင်မန်နေဂျာက Counterဆီလျှောက်သွားတဲ့
ကျန်းသခင်ကြီးကိုကြည့်ရင်း
နောက်ကစီချုံးကို မဝံ့မရဲမေးလာသည်။

" ငါတို့လူကို လာခေါ်ရုံပဲ .....
မင်းကြောက်နေစရာမလိုဘူး "

စီချုံးအဖြေက ခပ်ပြတ်ပြတ်။

" ဟုတ်ကဲ့ပါ ... ဧည့်သည် "

ကျန်းသခင်ကြီးက
Bar Counterကနေတဆင့်
အကုန်လုံးကို ခြုံကြည့်လိုက်သည်။

မီးရောင်စုံကြား မူးရူးကခုန်နေသူတွေကြားမှာ
သူ့Baby မရှိ။

တစ်ဖန် စားပွဲဝိုင်းတွေကို လိုက်ကြည့်မိတော့
ဟော !! တွေ့ပါပြီ။

Barရဲ့ ညာဘက်အစွန်မှာ မှောက်နေတဲ့
သူ့ Baby။

ဆွယ်တာအဖြူနဲ့ ဂျင်းဘောင်းဘီရှည်လေး
ဝတ်ထားတာမို့ သူတန်းမှတ်မိလိုက်သည်။

ထို့နောက် စူးစမ်းသလို
ကြည့်နေကြတဲ့ ဆိုင်ဝန်ထမ်းတွေကို
လျစ်လျူရှုပြီး Barရဲ့ ညာဘက်စားပွဲက
သူ့Babyဆီ တန်းတန်းမတ်မတ်သွားကာ
မှောက်နေတဲ့ Babyကို
မင်းသမီးလေးလိုပွေ့ချီလိုက်သည်။

ချောက်ချွမ်ကို ကျန်းသခင်ကြီးပွေ့ချီလိုက်သည်နှင့် Bodyguard တွေက
လမ်းကို အဆင်သင့် ရှင်းထားပြီးဖြစ်သည်။

ကျန်းသခင်ကြီးက ဘယ်သူ့ကိုမှမကြည့်ပဲ
သူ့Babyကို ပွေ့ပြီး Barထဲကထွက်လာကာ ကားပေါ်တက်လိုက်သည်။

Bodyguard က ကားတံခါးပိတ်လိုက်သည့်အခါ အချိန်ကိုက်သူ့နားက
နားကြပ်မှ အသံထွက်လာသည်။

" ဖန်လိဟုန် လွတ်သွားပါတယ် သခင်ကြီး ...
ကားကျန်ခဲ့ပါတယ် .... "

" ကားသိမ်းပြီး ပြန်ခဲ့ !! "

" ဟုတ်ကဲ့ပါ သခင်ကြီး "

ထို့နောက် နားကြပ်ကိုချွတ်ကာ
Babyကို ကြည့်လိုက်တော့
နီရဲနေတဲ့မျက်ဝန်းတွေနဲ့
သူ့ကို စူးစိုက်ကြည့်နေ၏။

ရုတ်တရက်မို့ သူ့ရင်ထဲထိတ်ကနဲ .....

" Bab ... Baby ဘာဖြစ် .... "

 Are You Hurting Dear ? ( Complete )Where stories live. Discover now