Unicode
" ဗိုက်ဆာနေပြီလား .... "
အမေးစကားသံနဲ့အတူ ကျန်းသခင်ကြီးက
လက်အိတ်အဖြူကိုချွတ်ရင်း ဝင်လာသည်။ထို့နောက် လက်အိတ်ကို အနောက်ဘကလူထံ
ပေးလိုက်ကာ သူကတော့ စားပွဲထိပ်မှာ
ထိုင်သည်။" ထိုင်လေ ...."
ချောက်ချွမ်ကိုပြောတော့ ချောက်ချွမ်လည်း
သူနဲ့မလှမ်းမကမ်းတွင် ဝင်ထိုင်လိုက်သည်။" ပြောစရာရှိလို့ဆို ..... "
ကျန်းသခင်ကြီးက ခုံကိုမှီကာ ချောက်ချွမ်ကို
စေ့စေ့ကြည့်ပြီး မေးလာသည်။ဘေးတွင် ထမင်းထည့်ပေးနေသည့်
ဟိုတယ်ဝန်ထမ်းတွေ ရှိနေသေးတာမို့
ချောက်ချွမ် ဆိတ်ဆိတ်သာနေလိုက်သည်။ကျန်းသခင်ကြီးက နားလည်သည့်အလား
ထမင်းထည့်ပေးပြီး ရပ်နေသည့်
ဝန်ထမ်းတွေကို လက်ပြကာ
ထွက်သွားစေသည်။အခန်းထဲတွင် နှစ်ယောက်ထဲ
ကျန်ခဲ့ပြီဆိုကာမှ" ကဲ ..... အခုပြောလို့ရပြီ ...... "
" စာချုပ်ဖျက်သိမ်းချင်လို့ပါ သူဌေး "
" သူဌေး? "
ကျန်းသခင်ကြီး သံယောင်လိုက်ရင်း
မျက်ခုံးပင့်လိုက်မိသည်။" စာချုပ်က နောက်ထပ်၄နှစ်နဲ့၇လ သက်တမ်းကျန်ပါသေးတယ် .....
လျော်ရမယ့်ပမာဏကို
အရစ်ကျပေးချေမှာမို့ ကျေးဇူးပြုပြီး
စာချုပ်ဖျက်သိမ်းခွင့်ပေးပါ သူဌေး...... "" ဒါနဲ့ ...... "
ကျန်းသခင်ကြီး ဖြတ်ပြောလိုက်တဲ့
စကားသံကြောင့် ချောက်ချွမ်မျက်လုံးလေးတွေ အရောင်တောက်သွားသည်။" သူဌေးအစား ဦး လို့ပြောင်းခေါ်ပါလား "
" သူဌေး ကျနော်က ..... "
" ဦးလို့ခေါ် ...... "
" ............. "
" ဦး ခေါ်ရင် စဥ်းစားပေးမယ် "
ချောက်ချွမ် စိတ်တိုလွန်းလို့ စားပွဲအောက်က
လက်သီးကို တင်းတင်းစုပ်ထားမိသည်။ထို့နောက် စိတ်ကိုအတတ်နိုင်ဆုံး
စိတ်ကိုထိန်းကာ" စာချုပ်ဖျက်သိမ်းခွင့်ပေးပါ .... ဦး "