Unicode
" Baby .... ပြန်လာပြီလား "
အခန်းထဲဝင်ဝင်ချင်း
တွေ့လိုက်ရသည့် မျက်နှာကြောင့်
ချောက်ချွမ်မျက်ခုံးတို့
အလိုလိုတွန့်ချိုးကုန်သည်။နေ့လည်ဆက်တုန်းကတောင်
အင်္ဂလန်မှာဆိုပြီး ပြောခဲ့တာမလား။အခုက ဘယ်လိုရောက်လာတာလဲ။
" Babyအတွက် လက်ဆောင်ပါလာတယ် "
" မလိုချင်ဘူး !! "
ချက်ချင်းငြင်းပစ်တော့
ကျန်းသခင်ကြီးက ပြုံးသည်။ထို့နောက်အခန်းထဲက ထွက်သွားပြီး
အနက်ရောင် Luxury Camera တစ်လုံး
ကိုင်ကာ ပြန်ဝင်လာသည်။" Baby အတွက် "
" မလိုချင်ဘူးလို့ ပြောနေတယ်လေ !! "
" အာ .... Baby သဘောမကျဘူးလား "
ချောက်ချွမ်လေသံ မာသွားသည့်အလျောက် ကျန်းသခင်ကြီးရဲ့
မျက်နှာမှာ စိတ်မကောင်းမှုကအထင်းသား။ချောက်ချွမ် မျက်နှာလွှဲကာ
ဆိုဖာပေါ်ထိုင်ပြီး
ဖုန်းကိုကြည့်နေလိုက်သည်။ကျန်းသခင်ကြီးကို သူမသနားချင်ပါ။
" Baby အပြင်ကထမင်းစားလာလား "
" ခင်ဗျားအလုပ်မဟုတ်ဘူး !! "
" Baby ဒီနေ့ ရန်လိုနေသလိုပဲ
အပြင်မှာ တစ်ခုခုဖြစ်လာတာလား "ကျန်းသခင်ကြီးက မျက်မှောင်ကျုံ့ပြီး
သူ့ကို စူးစမ်းသလိုကြည့်လာသည်။သူ့ဆီကအဖြေကို စောင့်နေပုံရသည့်
ကျန်းသခင်ကြီးက
အတန်ကြာသည်အထိ နေရာမှမရွေ့။သူလည်း မသိယောင်ဆောင်ကာ
လျစ်လျူရှုထားလိုက်သည်။ခဏနေတော့သက်ပြင်းချသံသဲ့သဲ့နဲ့အတူ
အခန်းထဲကထွက်သွားသည့်
ခြေသံဖွဖွကို ကြားလိုက်ရသည်။ထွက်သွားတာ သေချာပြီဆိုတာနဲ့
လက်ထဲက ဖုန်းကိုချကာ
ဆိုဖာပေါ် ခေါင်းလှန်ချလိုက်မိသည်။တစ်ဖက်မှာ ကျန်းသခင်ကြီးကို
မုန်းတီးကာ လက်စားချေချင်နေမိပေမယ့်
တစ်ဖက်မှာ ထိုသို့လုပ်ရမှာကို
စိတ်မပါဖြစ်နေမိသည်။