Unicode
" လုပ်ပါဆို ... ကူညီပါနော် "
Operation ခန်းထဲက ထွက်လာသော
လျှန်ချိုးကို
ချောက်ချွမ်တပူဂျီဂျီလုပ်နေလျှက်ရှိသည်။လျှန်ချိုးမှာ ချောက်ချွမ်စကားတွေကို
မကြားဟန်ပြုပြီး
လက်အိတ်တွေချွတ်ကာ
နားနေခန်းထဲ ပြန်သွားလိုက်သည်။" သာ့ကော ... ကူညီပါနော်လို့
သာ့ကော တူလေးမလိုချင်ဘူးလား "" မလိုချင်ဘူး "
လျှန်ချိုး ခပ်ပြတ်ပြတ်ငြင်းလိုက်သည်။
သူရဲ့စမ်းသပ်မှုမအောင်မြင်မချင်း
လည်ပင်းမယားချင်သေးပါ။ချောက်ချွမ် လာဂျီကျနိုင်လည်း
အလွန်ဆုံးတစ်ပတ်ပေါ့။ဒီလောက်လေး နားပူခံလိုက်တာနဲ့
နစ်နာသွားစရာအကြောင်းမရှိပါဘူး။ပြီးနောက် ချောက်ချွမ်ကိုမကြည့်တော့ပဲ
စားပွဲမှာဝင်ထိုင်ကာ
ကိုယ်တွင်းအင်္ဂါအစားထိုးခြင်း
ဆေးပညာစာအုပ်ကို
မှတ်ထားသည့်နေရာကနေပြန်လှန်ပြီး
ဖွင့်ဖတ်နေလိုက်သည်။လျှန်ချိုးရဲ့အရေးမလုပ်မှုကြောင့်
ချောက်ချွမ် နည်းလမ်းပြောင်းကာ
မင်းသားပီပီ Dramaခင်းတော့သည်။" ဟင့် .. ရွှတ်စ် အင်းပေါ့
ကျ .. ကျနော်က အငယ်အနှောင်းပဲဟာ...
ဘယ်လိုလုပ် ကျနော့ကလေးကို
အင့် ... လိုချင်ကြပါ့မလဲ "လျှန်ချိုး မကြားဟန်ပြုပြီး
ဆေးစာအုပ်ကိုကိုင်ကာ
တစ်ဖက်လှည့်သွားသည်။ပြီးနောက် အံဆွဲထဲက ဂွမ်းကိုထုတ်ယူကာ
နားထဲဆို့ထားလိုက်တော့သည်။သူမလုပ်ပေးချင်၍မဟုတ်။
အကိုကြီးသာခွင့်ပြုပါက
ကလေးယူဖို့ ချက်ချင်းထလုပ်ပေးမှာပါ။ခက်သည်က ချောက်ချွမ်မလာခင်ထဲက
အကိုကြီးက ဖုန်းဆက်ပြီး
ကြိုပိတ်ထားတာကြောင့် သူလည်း
မလှုပ်ရဲပေ။ဒါကို ချောက်ချွမ်က ဘူမသိကိုးမသိနဲ့
သူ့ကိုလာဂျစ်တိုက်နေသည်။သူပေပြီးနေတော့ ချောက်ချွမ်လည်း
မျက်နှာငယ်နဲ့ပြန်သွားတော့သည်။