Part (54)

2.8K 142 10
                                    

Unicode

၆ လခန့်ကြာပြီးနောက် ;

ချောက်ချွမ်တစ်ယောက် ထမင်းစားစားပွဲ
အရှည်ကြီးမှာထိုင်ကာ
ကြက်ကြော်တွေ၊ ဝက်သားပေါင်းတွေကို
ပါးစပ်ထဲ အသားကုန်သွပ်နေတော့သည်။

ကိုယ်ဝန်ရှိနေတယ်သာဆိုတယ်
စားလိုက်တဲ့အစားက နှစ်ယောက်စာပင်မက။

တစ်နေကုန် စားသောက်နေရတာလည်း
အားမရ
ညသန်းခေါင် တရေးနိုးလျှင်ပင်
ရှာကြံစားတတ်သေး၏။

သူ့ဗိုက်က ကိုယ်ဝန်လား
အဆီတွေတက်လာခြင်းလားပင်
မသဲကွဲတော့ချေ။

သူစားနေတုန်းမှာ CCTV ကနေ
ခြံထဲဝင်လာတဲ့ ကျန်းသခင်ကြီးရဲ့ကားကို
မြင်လိုက်ရတာကြောင့်
ဝက်သားပေါင်းတစ်ခုကလွဲပြီး
ကျန်တဲ့စားလက်စပန်းကန်တွေကို
အသည်းအသန်သိမ်းခိုင်းလိုက်ရသည်။

ကျန်းသခင်ကြီး ပြန်ရောက်လာတော့
သူ့ကိုထွက်မကြိုတဲ့ Babyကြောင့်
အိမ်ထဲမှာ တစ်ခုခုစားနေပြီမှန်း
တန်းသိလိုက်ရသည်။

ထင်သည့်အတိုင်းပင်။

Babyက ဝက်သားပေါင်းပန်းကန်ကို
ရှေ့ချကာ
အေးဆေးစားသောက်နေလေသည်။

" ပြန်လာပြီလား "

သူ့ကိုမြင်တော့ ဝက်သားပေါင်းတစ်ခုကို
ပါးစပ်ထဲ ပစ်ထည့်ကာ
ပလုတ်ပလောင်းနှုတ်ဆက်လာသည်။

" အင်း ... ဒီနေ့အစည်းအဝေးမရှိတာနဲ့
စောစောပြန်လာတာ Baby "

" အွန်း ... အွန်း အပေါ်တက်နှင့်
စားပြီးရင် လိုက်ခဲ့မယ် "

ကျန်းသခင်ကြီး သူ့ထက် အစားမက်နေသော
Baby အနားကပ်ကာ
စွေ့ကနဲ ကောက်ချီလိုက်သည်။

" အား... ဘာလုပ်တာလဲ !!
ပြန်ချပေး !! သူများ စားနေတာကို "

လက်က ဝက်သားပေါင်းပန်းကန်ကို
မလွတ်တမ်းကိုင်ထားပြီး
အော်ဟစ်နေသော ချောက်ချွမ်ပါလေ။

ကျန်းသခင်ကြီး တစ်ချက်ပြုံးလိုက်ရင်း

" အပေါ်မှာ စားလေ ...
အဲ့ပန်းကန်ယူခဲ့ "

ချောက်ချွမ် မျက်လုံးတွေဝိုင်းစက်သွားသည်။

သူအပေါ်လိုက်သွားရင်
အောက်မှာကျန်ခဲ့တဲ့ ကြက်ကြော်တွေ၊
ဖက်ထုပ်တွေ ဘယ်လိုစားရတော့မှာလဲ။

 Are You Hurting Dear ? ( Complete )Where stories live. Discover now