Part (43)

2.3K 157 30
                                    

Unicode

ဖုန်းScreenကို အပေါ်ဆွဲအောက်ဆွဲလုပ်ရင်း
တက်လာတဲ့ သတင်းတွေကြောင့်
ချောက်ချွမ် နှုတ်ခမ်းစွန်းတွေ
တွန့်ကွေးနေလေသည်။

သတင်းပျံ့နှံ့မှုက ထင်ထားတာထက်
ပိုမြန်နေပြီး တုန့်ပြန်မှုကလည်း အံ့မခန်းပင်။

ပျက်စီးသွားတော့မယ့် ကျန်းမိသားစုပုံရိပ်ကို
တွေးဆရင်း သူခပ်ဟဟရယ်လိုက်မိသည်။

ရယ်သံဟာ ကျယ်လောင်နေပေမယ့်
သူ့စိတ်ထဲမှာ
ပျော်သလိုလိုလေးလံနေသလိုလို
ခံစားနေရသည်။

ဘာလို့များလဲ?
ထိတ်လန့်နေတဲ့ကျန်းသခင်ကြီးကို
မမြင်ရလို့ အပြည့်အဝမပျော်တာများလား။

ဒီလိုဆိုရင်တော့ သူမြန်မြန်ပြန်သင့်တာပေါ့။

အလှုပ်တွေရှုပ်ပြီး ပျာယာခတ်နေတဲ့
ကျန်းသခင်ကြီးကိုကြည့်ရင်း
သူတဝကြီးပျော်ပစ်လိုက်မယ်။

ချောက်ချွမ်ဟာ အလိုမကျတဲ့
အတွေးတွေကို လျစ်လျူရှုပြီး
လိုရာဆွဲတွေးကာ အိမ်ကိုပြန်ခဲ့လိုက်သည်။

အိမ်ရောက်တော့ ချက်ချင်းပင်
အပေါ်ထပ်ပြေးတက်ကာ
အခန်းထဲဝင်လိုက်သည်။

အိပ်ခန်းထဲရောက်တော့ စိတ်ရှုပ်နေတဲ့မျက်နှာနဲ့ ကျန်းသခင်ကြီးကို
တွေ့လိုက်ရသည်။

သူပြုံးလိုက်ရင်း

" မျက်နှာလည်း မကောင်းပါလား Daddy ...
Baby ဘာကူညီရမလဲ အဟင်း ... "

မဲ့ပြုံးနဲ့ လာခနဲ့နေသည့် အကောင်ပေါက်ကို
ကျန်းသခင်ကြီး
ဒီတိုင်းသာ ကြည့်နေမိတော့သည်။

သူဘာလုပ်လို့ ဒီလောက်ထိ လုပ်လိုက်တာလဲဆိုတာ မတွေးတတ်တော့ ....

Babyက ထိုင်​​နေတဲ့ သူ့ပေါင်ပေါ်
ဒူးထောက်လာကာ မေးဖျားကို ဆွဲမော့ရင်း ...

" Daddy ရဲ့ Baby တဲ့ ...
ဟိုနေ့က အိမ်ရောက်လာတဲ့ မြို့တော်၀န်နဲ့  ပါးစပ်အရသာခံပြီး ပြောလိုက်ရတာ တော်တော်မှ အရသာရှိရဲ့လားဟင် ....
Baby က ဆိုးတယ်နော် အဟက် "

လှောင်ပြုံးနဲ့ ပျက်ရယ်ပြုနေတဲ့ ကလေးကို
ခါးကနေသာ ထိန်းဖက်ထားလိုက်သည်။

 Are You Hurting Dear ? ( Complete )Where stories live. Discover now