Unicode
" ရပ်လိုက်ကြစမ်း !!! "
အသံကြောင့် အဝတ်မပါတဲ့သူတွေအားလုံး
နီးစပ်ရာကိုဆွဲကာ
အကာအကွယ်ယူကြတော့သည်။" ဝန်ကြီးချုပ် !! "
ချန်ကုမင် အလန့်တကြားဖြစ်သွားသည်။
တံခါးဝတွင် ရပ်နေသည်က ဝန်ကြီးချုပ်၊
ကျန်းသခင်ကြီးနဲ့
သော့တွဲတွေကိုင်ထားသည့် ရိယွမ် ....ထို့အပြင် မျက်နှာပျက်နေသည့်
ကျိုးယွမ်လည်းပါသေးသည်။ကျန်းသခင်ကြီးက ဝင်လာကာ
Boxerတစ်ထည်ထဲရှိနေသော ချောက်ချွမ်ရဲ့
ကိုယ်ပေါ်ကို စောင်လွှမ်းခြုံပေးလိုက်သည်။" ဒါ ဘာဖြစ်နေကြတာလဲ ဟမ် !!
မင်းတို့အရှက်မရှိကြဘူးလား !!! "ဝန်ကြီးချုပ်က ဒေါသတကြီးဆိုသည်။
" ကိုယ့်နေရာကိုယ်နေကြဗျာ ....
ကျနော်တို့ကို လာမရှုပ်နဲ့ !! "ဖန်လိဟုန်က စိတ်ပျက်နေတဲ့မျက်နှာနဲ့
ဝန်ကြီးချုပ်ကို ပြန်ခံပြောသည်။" ဘာကွ !! မင်းအခုပြောနေတာ
ဘယ်သူလဲသိလား !! "" ကျနော်တောင်းပန်ပါတယ် ဝန်ကြီး ....
ကျနော့် အမှားပါ .....
သူဌေးဖန်လည်း တော်ပါတော့ .....
ကျနော်ပဲ တောင်းပန်ပါတယ် ..... "" ဘာမှတောင်းပန်စရာ မလိုဘူး အကိုချန်....
တကယ်ဆို လာနှောင့်ယှက်တာ သူတို့ ....
သူတို့တောင်းပန်ရမှာ.... "" မင်း !! မင်းတကယ် အရှက်မရှိတဲ့ကောင် !!
မင်းအဖေကို ငါအခုချက်ချင်းတိုင်မယ် "" တိုင်လေ ... တိုင်ပေါ့ !! ကြောက်နေရမှာလား !! လူငယ်သဘာဝပျော်ပါးတာ
ဘာပြဿနာရှိလို့လဲ !! "" မင်း !! "
" လူငယ်သဘာဝပျော်ပါးတာ
ပြဿနာမရှိပေမယ့် ကျန်းလုပ်ငန်းစုရဲ့
လူကိုလာထိရင်တော့ ပြဿနာရှိသွားပြီ !! "တစ်လျှောက်လုံးငြိမ်နေသော
ကျန်းသခင်ကြီးဆီမှ အသံထွက်လာသည်။" အဟက် !! "
ဖန်လိဟုန်က လှောင်ရယ်ရင်း
ကျန်းသခင်ကြီးရှိရာ မျက်နှာမူလိုက်လျှင်