Unicode
နှစ်ရက်ခန့်ကြာပြီးသော် ချောက်ချွမ်နဲ့
ရိဝမ်တို့ရိုက်ထားတဲ့ ဇာတ်လမ်းတွဲအတွက်
ပြသခွင့်လိုင်စင်ကျလာသည်။Official Posterနှင့်အတူ ပြသမယ့်ရက်ပါ
တစ်ပါတည်းကြေငြာချက်ထွက်လာ၏။ဇာတ်လမ်းက Xinxa dramaဖြစ်တာမို့
ကမ္ဘာနဲ့တစ်ဝှမ်းစောင့်မျှော်သူတွေ
များပြားကြသည်။ချောက်ချွမ်က ထိုအခွင့်အရေးကို
အသုံးချပြီး ကျန်းသခင်ကြီးဖုန်းကိုယူကာ
ကျန်းရိဝမ်နဲ့ချန်းယွင်ရှင်းတို့
လက်ထပ်ထားသည့်
သတင်းကိုတိတ်တဆိတ်ဖြန့်ခိုင်းလိုက်သည်။ဒီလိုလုပ်ရတာ သူ့အတွက်မလွယ်ပေမယ့်
ကျန်းသခင်ကြီးရဲ့ သြဇာအာဏာကို
အသုံးချလိုက်တာကြောင့်
ကြီးမားတဲ့ ခက်ခဲမှုတော့မဖြစ်ခဲ့။ပြီးစီးချိန်မှာတော့ ကျန်းသခင်ကြီးရဲ့ဖုန်းကို
ရိုက်ခွဲပစ်လိုက်ကာ ဘာမှမသိသလို
ဟန်ဆောင်ရင်း Movieဆက်ကြည့်နေလိုက်သည်။မကြာမီအချိန်အတွင်း
ပျာယာခတ်နေမည့် ကျန်းသခင်ကြီး၏
ပုံရိပ်ကို စိတ်ကူးရင်း ကြိတ်ပျော်နေမိသည်။.
.
.
မနက်စာစားပြီးတော့ ကျန်းသခင်ကြီး
အပေါ်ပြန်တက်လာသည်။Baby ကတော့ မနက်စာဆင်းမစား။
နောက်မှ သူ့အတွက်ပြင်ပေးပါဆိုလို့
ဝန်ထမ်းတွေကို ပြင်ခိုင်းလိုက်ရသည်။သူအခန်းထဲ ပြန်ရောက်တော့ Babyက
TV ရှေ့မှာထိုင်နေ၏။ဒီနေ့တော့ သူ့အလုပ်ကိစ္စတွေပါးနေတာမို့
Babyနဲ့ အချိန်ဖြုန်းဖို့တွေးထားလိုက်သည်။ဖန်ချန်းကိစ္စကိုလည်း စစ်ဌာနချုပ်က
လက်လွှဲယူပြီး စစ်ဆေးနေတာကြောင့်
သူစိုးရိမ်စရာမရှိတော့။ဖန်ချန်း အထဲရောက်သွားတာနဲ့
Baby ရွေးချယ်တဲ့လမ်းကို
ခွင့်ပြုပေးဖို့ သူတွေးထားမိသည်။နာကျင်ရမှာသိပေမယ့်လည်း Babyကို
ဒီထက်ပိုပြီးချုပ်နှောင်မထားရက်တော့ပါ။အစက ကိုယ်တိုင်သဘောကျမြတ်နိုးမိလို့
ချုပ်နှောင်ထားမိတယ် .....