Unicode
" Baby စိတ်ထဲမှာ ကိုယ်ကအမြဲတမ်း
လူယုတ်မာပဲလား "" ခင်ဗျားမဟုတ်လို့လား "
ချောက်ချွမ်မေးလိုက်တော့
ကျန်းသခင်ကြီးက တိတ်ဆိတ်သွားသည်။အခန်းထဲမှာ လူတွေအများကြီးရှိနေပေမယ့်
ဘယ်သူမှသူတို့ကိုကြည့်မနေပဲ
မသိယောင်ဆောင်ကာ Headphoneတွေပါ
ကောက်တပ်လိုက်ကြသည်။ကျန်းသခင်ကြီးနဲ့ချောက်ချွမ်ကိစ္စက
သူတို့နဲ့မဆိုင်သည့်အလားပင် ...." လျှောက်ကြည့်မလား Baby ....
ကိုယ်လိုက်ပြပေးမယ် "ကျန်းသခင်ကြီးက ခပ်နွမ်းနွမ်းမျက်နှာကို
ပြင်ရင်း စကားလမ်းကြောင်းလွှဲသည်။ချောက်ချွမ်ကလည်း ဒါကိုရိပ်မိသည်။
ထို့ကြောင့်
" အွန်း ကောင်းတာပေါ့ ....
ပြန်ဖို့ရက်ကလည်း နီးလာပြီဆိုတော့
အချိန်ရှိတုန်း လျှောက်ကြည့်ရမယ် "ချောက်ချွမ်က ခပ်မြူးမြူးလေးဆိုသည်။
ကျန်းသခင်ကြီးကတော့ သူ့စကားကို
မကြားယောင်ဆောင်ကာ တည်တံ့နေလျက်။ချောက်ချွမ် အလိုမကျမှုတို့ဖြင့်
ပြည့်နှက်လာရပြန်သည်။သူ့စိတ်ထဲမှာ ကျန်းသခင်ကြီးဆီက
တစ်ခုခုကိုမျှော်လင့်မိပေမယ့်
ဘာမှန်းတော့ရေရေရာရာမသိပါချေ။" ပြန်တော့မယ် "
" အင်း ... ကိုယ်လိုက်ပို့မယ် "
ချောက်ချွမ် ပင့်သက်ရှိုက်လိုက်မိသည်။
တစ်စုံတစ်ရာက အဝေးကိုထွက်ပြေးနေသလို
ခံစားချက်ပဲ ....လိုက်ပြီးမဖမ်းဆုပ်ချင်ပေမယ့်
ပိုဝေးကွာလာတာကိုလည်း သဘောမကျ ....' ကျစ် !! စိတ်ပျက်စရာကောင်းလိုက်တာ '
.
.
.
" Dataတွေ အကုန်ရလာပါပြီ သခင်ကြီး "
စီချုံးက အချက်အလက်တွေကို
Macbook မှတဆင့်
Mirror Projector ပေါ်တင်လိုက်သည်။