Unicode
တစ်လကြာပြီးနောက် ......
ချောက်ချွမ် အခန်းကျယ်ကြီးတစ်ခုထဲ
ရောက်ရှိနေသည်။အမြင်အာရုံတွေ ဝေဝါးနေပေမယ့်
မီးရောင်တွေထိန်နေသည့် အခန်းကျယ်ကြီးက သူ့စိတ်ထဲရင်းနှီးနေသလိုပင်။သူထဖို့ကြိုးစားကြည့်မိသည်။
မရ။
သူ့တစ်ကိုယ်လုံးအားအင်တွေ
ကုန်ခမ်းနေသလို ခံစားရပြီး
လက်ကိုပင် မြှောက်ဖို့မစွမ်းချေ။ခဏအကြာတွင် ခြေသံတွေနဲ့အတူ
စကားသံသဲ့သဲ့ကို ကြားရသည်။တစ်ယောက်၊နှစ်ယောက်ထဲတော့
မဟုတ်တန်ရာ။နီးကပ်လာတဲ့ခြေသံတွေနဲ့အတူ
သူအိပ်နေတဲ့နေရာက အိကနဲဖစ်သွားသည်။ထို့နောက် ပူနွေးသွားသည့်နှုတ်ခမ်းတွေ။
တရှိုက်မတ်မတ်စုပ်ယူနေမှုကို
မသတီစွာ တွန်းထိုးရုန်းကန်နေမိပေမယ့်
အုပ်မိုးနေသူကတော့ နည်းနည်းမျှပင်
ရွေ့မသွား။ထိုအစား သူ့ခန္ဓာကိုယ်ကသာလျှင်
အဝတ်တွေကင်းကွာလာသည်။' မလုပ်ပါနဲ့ ... '
သူပြောလိုက်သော်လည်း အသံက
လည်ချောင်းထဲတွင်သာ
ပျောက်ကွယ်သွားသည်။အပြင်ကို ထွက်ကျမလာခဲ့။
အပေါ်ကလူကတော့ စိတ်တ်ုင်းကျ
ခြယ်လှယ်နေဆဲပင်။တိုးဖွဖွရယ်သံနဲ့အတူ စကားသံတွေကိုလည်း
ကြားနေရသေးသည်။ထို့နောက် သူ့ကိုယ်ပေါ်ပွတ်သပ်လာတဲ့
တစ်ချောင်းမကသော လက်တွေ။ချောက်ချွမ် ကြောက်ရွံ့လာသည်။
တဖြေးဖြေးပေါင်တံတစ်လျှောက်
ပွတ်သပ်လာသည့်အခါ" မလုပ်ပါနဲ့ .... အားးးး !! "
ချောက်ချွမ် အလန့်တကြားအော်ပြီး
မောဟိုက်စွာ နိုးလာရသည်။သူ့တစ်ကိုယ်လုံးလည်း ချွေးတွေရွှဲနစ်ကာ
ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်နေ၏။အိမ်မက် !!!
အိမ်မက်ဆိုပေမယ့် ဘာလို့များ
တကယ်ဖြစ်ခဲ့ဖူးသလိုခံစားရပါလိမ့်။