Uni
အိမ်ပြန်ရောက်သည်အထိ
ချောက်ချွမ်နဲ့ ကျန်းသခင်ကြီးတို့ရဲ့
အနမ်းလုပ်ငန်းက အဆုံးမသတ်ပေ။အိပ်ယာပေါ်တွင် ချောက်ချွမ်ကို
ပစ်လှဲလိုက်ပြီး အပေါ်ကနေ
ကျန်းသခင်ကြီးပါ အုပ်မိုးကျလာသည်။လိမ်ယှက်နေသော လျှာနှစ်ခုကိုလည်း
ဆက်နွှယ်မှု မပြတ်လပ်စေရ။ကျန်းသခင်ကြီးလက်တွေ
အင်္ကျီအောက် လျှိုဝင်လာချိန်တွင်တော့
ချောက်ချွမ် အားကုန်သုံးကာ
ရုန်းကန်ပစ်လိုက်သည်။ရုတ်တရက်မို့ ကျန်းသခင်ကြီး
ကြောင်သွားလေသည်။" Baby "
ချောက်ချွမ် မကြားဟန်ဆောင်ကာ
ရေခဲသေတ္တာဆီသွားပြီး
ရေတစ်ဘူးယူကာ သောက်လိုက်သည်။ကျန်းသခင်ကြီးမှာ တန်းလန်းကြီးမို့
အိပ်ယာပေါ်ကနေ ချောက်ချွမ်
မျှော်လင့်တကြီး စောင့်နေ၏။သို့သော်ချောက်ချွမ်က သူမျှော်လင့်ထားသလို သူ့ဆီမလာ။
ရေဘူးကိုပြန်ထားပြီး ရေချိုးခန်းထဲ
ဝင်သွားပြန်သည်။" Baby "
ကျန်းသခင်ကြီး မနေသာတော့။
ချောက်ချွမ်နောက်လိုက်ကာ
ကောက်စိန်ကို ချော့ဖို့ပြင်တော့သည်။" Baby "
ဒေါက် !! ဒေါက် !!
ရေချိုးခန်းတံခါးကို လော့ချထားတာမို့
တံခါးခေါက်ရင်း အော်ခေါ်မိတော့
အထဲကနေ ပြန်ထူးသံအစား ရေကျသံတွေကိုသာ ကြားရသည်။" Baby ... Babyရေလို့ !! "
" .... "
" ကိုယ့်ယောကျ်ားလေးရေ ....
ကိုယ့်အသည်းလေးရေ "အပြင်က ကျန်းသခင်ကြီးရဲ့အသံကြောင့်
ချောက်ချွမ် ကြက်သီးတွေတောင်
ထလာသည်။ဘာလို့မကောင်းတဲ့ခံစားချက်ကြီး ရနေပါလိမ့်!
" Baby ရေ ... ကိုယ့်အချစ်ကလေး "
" ဘာလဲ ... ဘာလို့အော်နေတာလဲ !!
ရေချိုးနေတယ်လေ !!"ချောက်ချွမ် ပြန်အော်ပေးလိုက်သည်။