Unicode
" အကိုကြီးကြောင့်သာနော် ....
မဟုတ်ရင် အဲ့တစ်ယောက်ကို
ကျနော်သတ်ပြီးနေပြီ !! "ခေါင်းမှာ ပတ်တီးဖြူဖြူနဲ့ အခန်းထဲ
လှဲနေတဲ့အကိုဖြစ်သူကို ကြည့်ကာ
လျှန်ချိုးကြိတ်မနိုင်ခဲမရဖြစ်မိသည်။ခေါင်းကခြောက်ချက်ချုပ်လိုက်ရတဲ့အပြင်
တင်ပဆုံရိုးပါ အက်သွားသည်တဲ့။အဲ့တစ်ယောက်ကဘာမလို့ အကိုကြီးကို
ထိခိုက်အောင်လုပ်ရတာလဲ ......အကိုကြီးကရော ဘာဖြစ်လို့
အခုလောက်ထိသည်းခံနေရတာလဲ .....အကိုကြီးရဲ့အရင်စိတ်နဲ့သာဆို
ချောက်ချွမ် အမှုန့်ဖြစ်နေလောက်ပြီ ......' မဟုတ်မှလွဲရော အကိုကြီးက
ချောက်ချွမ်အပေါ် ခံစားချက်တွေ
ရှိနေတာတော့ မဟုတ်ပါဘူးနော် '" အကိုကြီး !!! "
" ဘာတုန်းဟ !! လန့်လိုက်တာ "
" အကိုကြီးလေ .... ချောက်ချွမ်ကို
ကြိုက်နေတာလား "မေးလိုက်တော့ အကိုကြီးက
ခပ်စူးစူးပြန်ကြည့်လာသည်။" အကိုကြီး ကြိုက်ကြိုက်မကြိုက်ကြိုက်
အဲ့တစ်ယောက်က ထပ်ပြီး
အကိုကြီးကိုထိပါးလာမယ်ဆိုရင်
ကျနော်ငြိမ်နေမှာ မဟုတ်ဘူး .....
မိန်မိန်နဲ့ရိဝမ်လည်း ငြိမ်နေမယ်မထင်ဘူး .... "" ငါ့ကိစ္စတွေကို ဝင်မပါနဲ့ !! "
" မပါလို့မရဘူး အကိုကြီး ......
အကိုကြီးက ကျနော်တို့ကျန်းမိသားစုရဲ့
ထောက်တိုင် ...
ကျနော်တို့မိသားစုရဲ့ပဲ့ကိုင်ရှင်
အကိုကြီးပြိုလဲသွားရင် ကျနော်တို့ပါ
ယိုင်နဲ့သွားလိမ့်မယ် ......
အကိုကြီးကို မှီခိုအားထားနေတဲ့
ကျန်းမိသားစုရဲ့ လက်အောက်ခံတွေ ....
သူတို့တွေအကုန် ထမင်းငတ်ကုန်လိမ့်မယ်!!! "" ငါးနားချင်တယ် ပြန်တော့ !! "
" အကိုကြီး !! "
" စီချုံး ..... သူ့ကိုပြန်ပို့လိုက်တော့ "
" ဟုတ်ကဲ့ပါ .... သခင်ကြီး "
" မလိုဘူး ...... ငါ့ကိုမထိနဲ့ !!! "
အနားကပ်လာတဲ့ စီချုံးကို
ခပ်ဆတ်ဆတ်အော်ပစ်တော့
နေရာမှာတင် ရပ်တန့်သွားသည်။