Part (47)

2.4K 139 19
                                    

Unicode

LAမြို့အစွန်အဖျားတစ်နေရာ ......

ခပ်အုပ်အုပ်ဆိုင်းနေသည့်
သစ်ပင်တွေကြားတွင် ခေတ်မီလှပသည့်
ဆယ့်နှစ်ထပ်မျှရှိသော ဟိုတယ်ကြီးက
ခံ့ညားစွာတည်ရှိနေသည်။

မှောင်ရီပျိုးလာသည်နှင့်အညီ
ဟိုတယ်တွင် မီးရောင်တွေထိန်လင်းလာပြီး
အပေါ်ထပ်တစ်ခုလုံးကတော့
ထူးဆန်းစွာပင် အမှောင်ကျနေခဲ့သည်။

ခဏနေသည့်အခါ ဟိုတယ်ရှေ့ကို
ကားတွေအလျိုလျိုထိုးရပ်လာကာ
အနက်ရောင်ဝတ်လူတွေနှင့်အတူ
သူတို့၏သူဌေးများဖြစ်ဟန်တူသူတွေ
ဆင်းလာပြီး
ဟိုတယ်ထဲဝင်သွားကြလေသည်။

သူတို့ရောက်ပြီးသိပ်မကြာ
အပေါ်ထပ်တစ်ခုလုံး
မီးတွေထိန်ထိန်လင်းလာကာ
လိုက်ကာတွေပါပွင့်သွားတော့သည်။

ချောက် !!

ဖျတ်ကနဲပွင့်သွားတဲ့မီးရောင်အောက်မှာ
လျှန်ချိုး ရီဝေစွာနိုးလာသည်။

စူးရှတဲ့အလင်းရောင်ကြောင့်
သူ့မျက်ဝန်းတွေကို စုကျုံ့ထားမိသည်။

ထိတွေ့ခံစားမှုအရာ သူရောက်နေတဲ့နေရာက
အိစက်​နေသည့်မွေ့ယာတစ်ခုအပေါ် .....
ပြီးတော့ ခပ်စိမ့်စိမ့် aircon ....
စူးရှတဲ့အလင်းရောင်နဲ့ အခန်းတွင်းရနံ့ ....

အားလုံးကိုခြုံတွေးကြည့်လိုက်လျှင်
ဟိုတယ်တစ်ခုမှလွဲရင် အခြားလုံးဝမဖြစ်နိုင်။

သူက ဟိုတယ်ကိုဘယ်လိုများ
ရောက်လာပါလိမ့် .....

ချောက်ချွမ်ကရော !!!

ထိတ်ကနဲဖြစ်သွားပြီး ထဖို့တွေးလိုက်ပေမယ့်
ရုတ်တရက် စကားသံတွေကြောင့်
သူ ငြိမ်နေလိုက်မိသည်။

" ဒီတစ်ခေါက်တော့ တကယ်စားရပြီပေါ့ "

" ဟုတ်တယ် ...
ကျန်းအဘိုးကြီးရဲ့ ညီလည်းပါတယ် ...  "

" ဟိုဆရာဝန်ဆိုတဲ့လူလား ..... "

" ဟုတ်တယ် "

" ဟာ ... မိုက်ပြီပေါ့
ငါသူ့ကိုသဘောကျနေတာကြာပြီ
ကျန်းရိဝမ် ဥက္ကဌဖြစ်ထဲက ....
သူ့ကိုငါအရင်လုပ်လို့ရလား "

 Are You Hurting Dear ? ( Complete )Donde viven las historias. Descúbrelo ahora