Unicode
ည ၇နာရီ။
ချောက်ချွမ် TVကြည့်နေတုန်း
ကျန်းသခင်ကြီး ဝင်လာသည်။" Baby ညစာပြင်ပြီးပြီ ....
အပေါ်ကိုပဲ ယူခဲ့ခိုင်းလိုက်ရမလား ....
အောက်ဆင်းစားမလား "" အောက်ဆင်းခဲ့မယ် "
" Ok ... Ok "
ကျန်းသခင်ကြီး သူ့လူတွေကို
အောက်ထပ်ဆင်းစေလိုက်ပြီး
သူကတော့ ချောက်ချွမ် TVကြည့်တာကို
ထိုင်စောင့်နေလိုက်သည်။၇ နာရီခွဲ။
" Baby ညစာတွေအေးကုန်တော့မယ် "
" နေပါဦး ... ဒီမှာပြီးတော့မယ် "
Movieက ပြီးနေပြီဖြစ်ပေမယ့်
ချောက်ချွမ် မထသေး။ကျန်းသခင်ကြီးကို
ညစ်ပြီးဆက်ထိုင်နေမိသည်။၇နာရီ ၄၅ မိနစ်။
" Baby "
" အွန်း ... ပြော "
" ညစာဆင်းစားရအောင်နော် ....
အချိန်လင့်နေပြီ ....
Baby အစာအိမ်ရောဂါဖြစ်လိမ့်မယ် "" ရောဂါဖြစ်ရင် ခင်ဗျားကုပေးလေ .... "
" ကိုယ်က နောက်မှကုပေးရမှာ ...
Babyက အရင်နာကျင်ရမှာနော် ..... "" ကျနော်က မင်းသားတစ်လက်ဆိုတာ
ခင်ဗျားမေ့မနေနဲ့ဦး .....
စားချိန်မမှန်တာတာလောက်ကတော့
ပုံမှန်လိုပဲ ....
ဘယ်သူမှ ထူးပြီးစိတ်မပူဘူး "" ကိုယ်ကတော့ ပူတယ် ...
Baby စားချိန်မမှန်လည်း စိတ်ပူတယ် ....
အိပ်ချိန်မမှန်လည်း စိတ်ပူတယ် ....
Baby မျက်နှာညှိုးရင်ကအစ
ကိုယ်နေရခက်တယ် ..... "ကျန်းသခင်ကြီးစကားကြောင့်
ချောက်ချွမ် ရင်ထဲလှုပ်လှုပ်ရှားရှား
ဖြစ်သွားမိသည်။သို့သော် စက်ဆုပ်ဖွယ်ရာလုပ်ရပ်က
ခေါင်းထဲဝင်လာတာမို့
မျက်ရည်တွေ ဝေ့သီလာမိရင်း" တကယ်ဆို ကျနော်တို့တွေ့ဆုံမှုက
အစထဲက လွဲချော်နေခဲ့တာ .... "" ကိုယ်တို့မှာ ပြင်ဆင်ချိန်တွေ
ရှိပါသေးတယ် Baby .....
စတင်တွေ့ဆုံခြင်းက လွဲချော်ခဲ့ပေမယ့်
အဆုံးသတ်ကိုတော့
ကိုယ်တို့ဖန်တီးယူလို့ရပါသေးတယ် "