Unicode
" ဒယ်ရီ ... ပါပါးနဲ့ လိုက်ချင်ယို့ "
" ဘယ်ကိုလဲ ဒယ်ဒီ့မင်းသမီးလေးရဲ့ "
" ပါပါးက လေပျံကြီး စီးတွားမှာယေ "
" ဟုတ်လား "
" ဟုတ်ရယ် ... ရွှမ်ရွှမ် ကြားရယ်
ပါပါးက တိုတို့ကို ပြောနာ "" ဟုတ်လား ... အဲ့တာဆို ဒယ်ဒီနဲ့အတူ
သွားမေးရအောင် "" ဟုတ် ဒယ်ရီ "
ဖြူဖွေးတုတ်ကစ်နေတဲ့ သမီးလေးကို ချီကာ
ကျန်းသခင်ကြီးရှိရာ အောက်ထပ်သို့
ချောက်ချွမ် ဆင်းလာခဲ့လိုက်သည်။အောက်ထပ်တွင် ကျန်းသခင်ကြီးနဲ့အတူ
ရိဝမ်လည်း ရှိနေ၏။" ရှင်းလေးမပါဘူးလား ရိဝမ် "
" ဟုတ်တယ် အကို ...
ရှင်းလေးက သူ့ကုမ္ပဏီမှာ Trainee အသစ်တွေကို သွားကြည့်နေလို့ "" ဪ ... အလုပ်ရှုပ်နေတာလား "
ချောက်ချွမ် မှတ်ချက်ပြုရင်း
သမီးလေးကိုချီလျက် Sofaတွင်
ဝင်ထိုင်လိုက်သည်။" တိုတို မီးရို ချီ "
" လာပါဗျာ ... ကိုကိုက မင်းသမီးလေးကို
လွမ်းနေတာ "ရိဝမ်က ချောက်ချွမ် လက်ထဲက
သမီးလေးကို ချီယူသွားလေသည်။" Project အသစ်က ဘယ်မှာလဲ ဦး "
ချောက်ချွမ် ခြေချိတ်ထိုင်လျက်
ကျန်းသခင်ကြီးကို မေးလိုက်သည်။" LA မှာ Baby "
ကျန်းသခင်ကြီးက အထွန့်မတက်ပဲ
ပြန်ဖြေသည်။" ဘယ်တော့သွားမှာလဲ "
" မနက်ဖြန် "
" လိုက်ခဲ့မယ်လေ "
" ဟင်? "
" ဘာလို့လဲ ... မရဘူးလား "
" မ.. မဟုတ်ပါဘူး "
ချောက်ချွမ် မေးတော့ ကျန်းသခင်ကြီးက
ပျာပျာသလဲ ထငြင်းသည်။" သမီးလေးမွေးပြီးထဲက Overseas
မသွားရတာဆိုတော့
အခုတစ်ခါထဲ လိုက်ခဲ့ချင်လို့ "" LAက ပြန်လာမှ တခြားနိုင်ငံသွားရင်ရော
Baby ... အခုက အလုပ်နဲ့ဆိုတော့
ကိုယ်အချိန်မပေးနိုင်မှာစိုးလို့ "
![](https://img.wattpad.com/cover/288273018-288-k252721.jpg)