Part (5)

3.2K 245 7
                                    

Unicode

နောက်ရက်ရိုက်ကွင်းသို့ရောက်သော် ~ ~ ~

" ချောက်ချွမ် မနေ့ကဘာလို့မလာတာလဲ ....
ဖုန်းလည်း ပိတ်ထားတယ် "

ရိုက်ကွင်းကို Taxiနဲ့ရောက်ချလာသောချောက်ချွမ်ကို ဒါရိုက်တာလင်းက ခရီးဦးကြိုကာ မေးသည်။

" ကျနော် နေမကောင်းလို့ပါ ....
Staffက ဖုန်းမဆက်ဘူးလား .... "

" အေး ... မင်းStaffလည်း ဖုန်းမကိုင်ဘူး ...
တစ်ခုခုဖြစ်ထားကြတာလား "

မိမိကိုအထင်သေးသလိုမျက်လုံးတွေနဲ့
ကြည့်နေသည့် ဒါရိုက္တာကို
ဘာမှမပြောချင်စွာနဲ့
ချောက်ချွမ်လှည့်ထွက်လာလိုက်သည်။

ဖြစ်နိုင်ရင် ဒီရိုက်ကူးရေးကနေ နှုတ်ထွက်ပြီး
ပိုက်ဆံတွေလျော်ပစ်လိုက်ချင်ပေမယ့်
လွန်ခဲ့တဲ့နှစ်ပတ်ကမှ ကုမ္ပဏီတစ်ခုမှာ
ရင်းနှီးမြှုပ်နှံလိုက်တာမို့
စိတ်ရှိတိုင်းမလုပ်နိုင်သေးချေ။

" ချောက်ချွမ် .... ဧည့်သည်ရောက်နေတယ် "

" ကျစ် !! အခုမွေရာက္တာကို
ဘယ်ကဧည့်သည်လဲ .... "

စိတ်ညစ်ညစ်နဲ့ ရိုက်ကွင်းStaffကို
ကျော်ပြီး သူညွှန်ပြတဲ့ကားဆီသွားမိသည်။

ကားကအနက်ရောင်ဖြစ်ပြီး အထဲကိုမမြင်ရပေမယ့် ချောက်ချွမ်ရောက်သွားသည်နှင့်
မွန္တံခါး ကျလာသည်။

အထဲကို ကြည့်မိတော့ မျက်မှန်အနက်၊Maskအနက်နှင့် သက်လတ်ပိုင်းအရွယ်
အမျိုးသားတစ်ဦးကို တွေ့ရလေသည်။

ထိုအမျိုးသားက ကားမှန်မှတဆင့်
ချောက်ချွမ်ကို ပါဆယ်boxလှလှလေးတစ်ခုပေးလာသည်။

ချောက်ချွမ်လည်းယောင်ယမ်းကာ
လက်လှမ်းယူပြီးမှ မေးဖို့သတိရလာသည်။

" ဘာကြီးလဲ ... ဘယ္သူလဲ "

ထိုအမျိုးသားရဲ့တင်းတင်းစေ့ထားတဲ့
နှုတ်ခမ်းစွန်းတွေက ကော့တက်သွားပြီး
ချောက်ချွမ်ကို မော့ကြည့်လာသည်။

နေကာမျက်မှန်အနက်အောက်က
မျက်ဝန်းတွေကိုတော့ ချောက်ချွမ်မြင်ခွင့်မရ။

" breakfast !! "

" breakfast? ? "

" နေ့လည်စာ ဘာစားချင်လဲ "

 Are You Hurting Dear ? ( Complete )Donde viven las historias. Descúbrelo ahora