Unicode
မနက်မိုးလင်းသော် ~~~~~
နာကျင်ကိုက်ခဲမှုတွေနဲ့အတူ
ချောက်ချွမ်သတိ ပြန်လည်လာသည်။ထလို့အဆင်မပြေတာကြောင့်
လှဲနေလျက်နှင့် မျက်လုံးဖွင့်ကြည့်မိတော့
မျက်နှာချင်းဆိုင်မှာ ကိုယ့်ကိုကြည့်နေတဲ့
ကျန်းသခင်ကြီးကို တွေ့ရသည်။ထိုသူ့မျက်နှာမြင်တော့
ညကမြင်ကွင်းတွေကို ပြန်သတိရမိသည်။ကိုယ့်အသွေးအသားကို
စိတ်တိုင်းကျစားသုံးခဲ့တဲ့ လူယုတ်မာ ......အသက်ကြီးပြီး ကိုယ်ချင်းစာစိတ်မရှိတဲ့
လူယုတ်မာ ......ထိုလူယုတ်မာကို
အစိတ်စိတ်အမွှာမွှာဖြစ်အောင်
လုပ်ပစ်ချင်နေမိပေမယ့်
နာကျင်နေတဲ့ကိုယ်ခန္ဓာကြောင့်
မုန်းတီးစွာစိုက်ကြည့်နေရုံမှတစ်ပါး
အခြားမတတ်နိုင်ခဲ့ ......." Baby သက်သာရဲ့လား ....
အခုက သူများအိမ်မှာမို့ အိမ်ပြန်ရောက်ရင် ကိုယ်ဆရာဝန်ခေါ်ပေးမယ်နော် .... "" မ လို ဘူး !! "
ဒေါသတကြီးပြောမိပေမယ့်
အသံက လှိုက်လှဲတုန်ခါနေသည်။" ကိုယ်တောင်းပန်ပါတယ် ..... "
လာပြန်ပြီ ဒီစကား !!
ဒီလူ့ပါးစပ်က ထွက်လာတဲ့ဒီစကားကို
ချောက်ချွမ်သေလောက်အောင်
မုန်းတီးမိပါသည်။သူတို့နောက်ဆုံးတွေ့ခဲ့ကြတုန်းက
လူယုတ်မာက ဒီစကားကိုပြောခဲ့တာ ....အခုတော့ သူ့ဘဝတစ်ခုလုံး
စုတ်ပြတ်သတ်နေအောင် နင်းခြေခံလိုက်ရပြီ။ဘာတွေထပ်ပြီး ဖျက်စီးချင်သေးတာလဲ .....
ဒေါက် !! ဒေါက် ~~~~ ဒေါက် ~~~
ထွက်ပေါ်လာတဲ့တံခါးခေါက်သံကြောင့်
ချောက်ချွမ်မျက်နှာကိုတစ်ဖက်လှည့်ပစ်လိုက်သည်။သိမ်းမရတဲ့မျက်ရည်စတွေနဲ့
လူတွေရှေ့မှာ သူပြိုလဲမပြချင်ဘူး ....." မဂ်လာနံနက်ခင်းပါ ကျန်းသခင်ကြီး ... "
တံခါးဖွင့်လိုက်သည်နှင့် ဝန်ကြီးချုပ်က
ပြုံးရွှင်စွာ နှုတ်ဆက်တော့သည်။