Unicode
ပြသနာတက်ပြီးနောက်ပိုင်း
ကျန်းသခင်ကြီးက
အပြုအမူအပြောအဆိုကအစ ချောက်ချွမ် အနေခက်စေမည့်အရာအားလုံးကို
ရှောင်ခဲ့သည်။ယနေ့လည်းသားငယ်တို့မင်္ဂလာဦးဆွမ်းကပ်ကို မလိုက်ချင်ဘူးဆိုတာကြောင့်
အတင်းမခေါ်တော့ပဲ အိမ်မှာသာ
အစောင့်တွေနဲ့ထားခဲ့ရသည်။စိတ်မချပေမယ့်လည်း
သူ့မှာရွေးချယ်စရာမှမရှိတာ .....ဆွမ်းကပ်ပြီးတော့ ခမည်းခမက်တို့နဲ့အတူ
စေတီတည်ဖို့နဲ့ကျောင်းဆောင်တွေ
ဆောက်လုပ်လှူဒါန်းဖို့ဆွေးနွေးဖြစ်ကြသည်။စိတ်ကတော့ ချောက်ချွမ်ဆီမှာသာ ....
ခဏကြာတော့ သားငယ်တို့စုံတွဲနဲ့အတူ
အောက်ဆင်းလာလိုက်သည်။ခမည်းခမက်တွေကတော့ ဘုန်းကြီးနှင့်
စကားပြောကျန်ရစ်ခဲ့ကြသည်။" ပါပါးပြန်နှင့်မယ် သားတို့ "
အောက်ရောက်တော့
အကြာကြီးမနေချင်တော့တာကြောင့်
သားတို့ကို ပြန်ဖို့ပြောလိုက်သည်။" မနေတော့ဘူးလား ပါပါး ... "
" ပြန်နှင့်မယ် ...
ချောက်ချွမ်က တစ်ယောက်ထဲ ကျန်ခဲ့လို့ .... "သားငယ်က သူ့ကိုနားမလည်တဲ့အကြည့်တွေနဲ့ ကြည့်လာရင်း
" ပါပါးကို မေးချင်နေတာကြာပြီ ....
သူက ဘာလို့ပါလာတာလဲ ...
ပါပါးနဲ့သူက ဘာလဲ ... "" သူက သနားစရာကလေးပါ ....
သားတို့ ပြန်လာမှ ရှင်းပြမယ် ...
အခု ပါပါးပြန်လိုက်ဦးမယ် .... "ကျန်းသခင်ကြီးက ဘာမှရှင်းပြချင်စိတ်
မရှိသေးတာမို့ ရိဝမ်အားထိုသို့ပင်
ဖြေလိုက်သည်။ရိဝမ်လည်း ဆက်ပြီးအထွန့်မတက်တော့ပဲ
" ဟုတ်ကဲ့ ပါပါး ... ဂရုစိုက်ပြန်ပါ "
" Ok ... ပါပါးသွားပြီနော် "
" ဟုတ်ကဲ့ "
ကားစထွက်သည်နှင့် ကျန်းသခင်ကြီးက
Driverကို မြန်မြန်မောင်းခိုင်းတော့သည်။Driverက စကားနားထောင်ပေမယ့်
ကားလမ်းတွေပိတ်ပြီး
ခဏခဏမီးပွိုင့်မိနေတာကြောင့်
၄၅မိနစ်လောက်ကြာသွားကြသည်။