Part (27)

2.2K 163 10
                                    

Unicode

ချောက်ချွမ် အိမ်ရောက်တော့
ကားပေါ်ကအထုတ်တွေကို
အလုပ်သမားတစ်ချို့က လာယူကူသည်။

Bodyguard တွေမရှိပေမယ့်
အိမ်အတွက်တော့ ကျန်းသခင်ကြီးက
အလုပ်သမားတွေ စီစဥ်ပေးခဲ့သည်။

" သခင်လေး ထမင်းစားတော့မလား "

အိမ်တော်ထိန်းဖြစ်သူက
ပစ္စည်းတွေကို အခန်းထဲထည့်ကူရင်း
မေးလာသည်။

" တော်ပြီ ... မစားတော့ဘူး
အသီးဖျော်ရည်တစ်ခွက်လောက်ပဲ
ပြင်လာခဲ့ပေးပါ "

" ဟုတ်ကဲ့ သခင်လေး "

တင် !!

အပေါ်ထပ်အင်္ကျီကိုချွတ်နေရင်း
ထူးထူးဆန်းဆန်း Wechat ကစာဝင်လာသံ
ကြားတာကြောင့် ယူကြည့်မိတော့
အစောကအပ်ထားသည့် ဖန်လိဟုန်ဆိုသူထံမှဖြစ်နေသည်။

စာက ဘာမှထွေထွေထူးထူးတော့မဟုတ်။

* အိမ်ပြန်ရောက်ပြီလား * ဆိုသည့်
ရိုးရိုးဝါကျလေးတစ်ခုသာ။

ပြန်ဖြေချင်စိတ်မရှိတာကြောင့်
ဖုန်းကိုပိတ်ကာ
မွေ့ယာပေါ်လှမ်းပစ်တင်လိုက်သည်။

ထို့နောက် အိမ်တော်ထိန်းယူလာပေးသည့်
နာနတ်သီးဖျော်ရည်ကို
တစ်ကျိုက်တည်း မော့သောက်ချလိုက်သည်။

လတ်ဆတ်တဲ့နာနတ်သီးအနံနဲ့
လည်ချောင်းထဲစီးဆင်းသွားတဲ့
ခပ်အေးအေးအရသာက
စိတ်အစုံကို ကြည်လင်သွားစေသည်။

" Coffee houseကို သွားဦးမှာလား
သခင်လေး "

" အင်း .... ညနေလောက်မှ "

" ဘာပြင်ဆင်ထားပေးရမလဲ သခင်လေး "

" ဟင့်အင်း ... မလိုဘူး "

" ဟုတ်ကဲ့ပါ သခင်လေး .... "

" သွားလို့ရပြီ .... ကျနော်နားချင်လို့ "

" ဟုတ်ကဲ့ "

အိမ်တော်ထိန်းက အသီးဖျော်ရည်ခွက်ကို
ကိုင်ကာ အပြင်ပြန်ထွက်သွားသည်။

ထို့နောက် မွေ့ယာပေါ်ခြေပစ်လက်ပစ်
လှဲချကာ အနားယူဖို့ပြင်လိုက်စဥ်
တစ်ခါမှ အဝင်မရှိခဲ့တဲ့ဖုန်းက
အသံထမြည်လာ၏။

 Are You Hurting Dear ? ( Complete )Where stories live. Discover now