Unicode
" သခင်လေးရိဝမ်ရဲ့ အတွင်းရေးမှူး
ရောက်ပါပြီ သခင်ကြီး "" လွှတ်လိုက် "
" ဟုတ်ကဲ့ပါ သခင်ကြီး "
စီချုံးအပြင်ထွက်ပြီး အပြင်မှာရပ်နေတဲ့
ကောင်လေးကို အထဲခေါ်လိုက်သည်။" မင်္ဂလာပါ သခင်ကြီး .....
Bossရဲ့ အတွင်းရေးမှူး ကျင်းလီဖန်းပါ "ကျန်းသခင်ကြီးက စီချုံးအကူအညီနဲ့
ကျောအောက်ဘက်ကို ခေါင်းအုံးခံပြီး
ခပ်မတ်မတ်ဖြစ်အောင် ပြင်လိုက်ကာ
လီဖန်းကို ကြည့်လာသည်။ရိဝမ်ထက်ပိုတည်တဲ့မျက်နှာထားနဲ့
အကြည့်စူးစူးတို့ကြောင့်
လီဖန်း ချွေးစေးတွေပြန်လာရသည်။" သက်တောင့်သက်သာထိုင်ပါ ကောင်လေး "
" ဟုတ်ကဲ့ သခင်ကြီး "
" သားငယ်က မင်းကိုညွှန်ကြားထားတာ
ရှိမယ်ထင်တယ် ..... "" ဟုတ်ကဲ့ .... Bossက ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့
တွေ့ဆုံခိုင်းထားပါတယ် သခင်ကြီး .... "" အခြေအနေဘယ်လိုရှိလဲ ..... "
" ညမှ သွားတွေ့ရမှာပါ သခင်ကြီး ....
သူတို့ဘက်ကအခုညပြန်ချိန်းထားပါတယ် "ကျမ်းသခင်ကြီးက ခေါင်းငြိမ့်ရင်း
" စီချုံး ..... ညကျမင်းလိုက်သွားလိုက် "
" ခင်ဗျာ "
" တာဝန်ရှိသူတွေနဲ့သေချာတွေ့ပြီး
ငါ့ကို အကျိုးအကြောင်းပြန်ပြော .....
နောက်ပြီး လိုအပ်ရင်
ဝန်ကြီးချုပ်နဲ့တွေ့ဖို့ပါ တစ်ခါထဲစီစဥ် .....
လီဖန်းကတော့ သားငယ်ကို
သေချာတင်ပြလိုက် "" ဟုတ်ကဲ့ပါ သခင်ကြီး "
" ဟုတ်ကဲ့ "
" နှစ်ယောက်လုံးသွားလို့ရပြီ "
" ဟုတ်ကဲ့ပါ သခင်ကြီး !! "
စီချုံးတို့နှစ်ယောက်ထွက်သွားတော့
ကုတင်ဘေးက ခလုတ်ကိုနှိပ်ကာ
Bodyguard နှစ်ယောက်ကို
လှမ်းခေါ်လိုက်သည်။သိပ်မကြာ အခန်းထဲBodyguardနှစ်ယောက်
ရောက်လာလေသည်။" ငါ့ကို Wheelchair ပေါ်တင်ပေး "