Chapter(42)

286 43 7
                                    

[Unicode]

ဝှှီးချဲပေါ်ရှိလူသည် ပုံမှန်မဟုတ်သည့်အရာများကို လုံးဝသတိမထားမိပဲ ပုံမှန်အတိုင်းပြုမူပြောဆိုနေသည်ကိုမြင်သည့်အခါ ချန်ချွမ်းလက်သီးကိုတင်းတင်းဆုပ်မိသွားရသည်။

"Sir"

သူက မေးလိုက်သည်။
"ဒီရက်တွေမှာ ကိုယ့်ကိုယ်ကိုယ်ဂရုတစိုက်နေရဲ့လား?"

ရှဲ့မော့က သူ့ကိုပြုံးပြလိုက်ပြီး
"ငါကောင်းကောင်းနေနေပါတယ်"

သူကပြောရင်း ခေါင်းမော့ကာ လူငယ်လေးကိုမော့ကြည့်လိုက်ပြီး ရှဲ့မော့အကြည့်တို့က ရှဲ့ရှီအပေါ်နူးညံ့နွေးထွေးနေသည်ကိုမြင်သည့်အခါ ချန်ချွမ်း၏နှလုံးသားသည် အပ်ထောင်ပေါင်းများစွာ၏ ကြမ်းတမ်းစွာထိုးဖောက်ခြင်းခံရသလို ခံစားနေရသည်။

"ရှဲ့ရှီက ငါ့အတွက် ဒေါက်တာဂျိုဆယ်လ်ကိုခေါ်ပေးခဲ့တယ်လေ။ သိပ်မကြာခင်မှာ အပြည့်အဝပြန်ကောင်းနိုင်တယ်တဲ့"

ရှဲ့မော့က ပြုံးနေဆဲဖြစ်သည်။

ချန်ချွမ်းသည် သူ့အနားတွင် ၅နှစ်ကြာအလုပ်အကျွေးပြုခဲ့သော်လည်း ရှဲ့မော့အပြုံးကိုမြင်ရသည့် အကြိမ်အရေအတွက်က လက်တစ်ဖက်ပင်မပြည့်ခဲ့ပေ။

သို့ရာတွင် ယခု ဒီချောမောသည့်အမျိူးသားမျက်နှာမှာ ပြုံးရွှင်နေပြီး အလွန်လှပဆွဲဆောင်မှုရှိသောအပြုံးများအားလုံးကိုလည်း ရှဲ့ရှီကိုပြုံးပြနေပြန်သည်။

သူသဝန်မတိုသင့်ကြောင်း ချန်ချွမ်းနားလည်ပါသည်။

သူ့သခင်က ဘယ်လောက်တောင်ကောင်းတဲ့လူစားမျိူးလည်းဆိုတာ သူသိသလို ဘယ်သူမှသိနိုင်မှာမဟုတ်ဘူး။

သူ့သခင်ဘေးမှာရပ်နေတဲ့လူဆိုတာလည်း သွေးသာဆက်နွယ်မှုမရှိတဲ့အတွက် ဘယ်တော့မှ သူ့သခင်ရဲ့တူလေးဖြစ်လာမှာမဟုတ်ဘူး။

အာ...သူသဝန်တိုမိနေတာပဲ။

သဝန်တိုမှုက သူ့နှလုံးသားကိုနာကျင်စေသည်။

ဘယ်အရာကိုမှ ကောင်းကောင်းမွန်မွန်မတွေးနိုင်တော့လောက်အောင် သူအလွန်သဝန်တိုမိနေပြီ။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now