Chapter(43)

747 90 4
                                    

[Unicode]

"ဘာ​?"

ရှဲ့ရှီအနည်းငယ်အံ့ဩသွားပြီး ရှဲ့နန်အန်နှင့် အလွန်ဆင်ဆင်တူသည့်ချောမောသောမျက်နှာတွင် အံ့အားသင့်သည့်အမူအယာကိုပြလျက်
"ချန်ချွမ်းက လေးငယ်ဘေးကို အဖေတမင်ပို့ပေးလိုက်တဲ့လူဆိုတာ လေးငယ်...တကယ်မသိဘူးလား?"

"ရှဲ့မိသားစုက အမွေတွေကို ကျွန်တော်ဆက်ခံလိုက်ရတဲ့အချိန်တည်းက အဖေချန်ထားခဲ့တဲ့နာမည်စာရင်းထဲမှာ ချန်ချွမ်းနာမည်ပါနေတာကို ကျွန်တော်သတိထားမိခဲ့တယ်။ အဲ့ဒါက လွန်ခဲ့တဲ့ငါးနှစ်... ချန်ချွမ်းကို လေးငယ်ဘေးရောက်အောင် ပို့လိုက်တာ"

လူငယ်လေးက တစ်ဖက်လူ အံ့အားသင့်ဆွံ့အနေပုံကိုစောင့်ကြည့်နေရင်း ရုတ်တရက်မေးခွန်းထုတ်လိုက်သည်။

"အဖေက လေးငယ်ကို ဒီအကြောင်းတွေအသိမပေးခဲ့ဘူးလားဟင်?"

"ဖြစ်နိုင်တာက...."
ရှဲ့ရှီက မခို့တရို့ပြုံးလိုက်ပြီး နွေးထွေးသည့်အသံဖြင့်
"အဖေက လေးငယ်ကို နောက်ကွယ်ကနေ လူမသိအောင်ကာကွယ်ပေးချင်ခဲ့ပုံပဲနော်"

"အဖေနဲ့လေးငယ်တို့နှစ်ယောက်ကြားက အရမ်းကောင်းတဲ့ဆက်ဆံရေးလည်းရှိနေတော့ ကျွန်တော်ထင်သလိုပဲဖြစ်လိမ့်မယ်"

အိပ်ရာပေါ်တွင် ဆေးရည်ခွက်ကိုကိုင်ထားရင်း လျော့တိလျော့ရဲမှီထိုင်နေသူတစ်ဦးမှာ ရှဲ့ရှီစကားများကြောင့် အချိန်အတန်ကြာသည့်တိုင်အောင် မလှုပ်မယှက်တုံ့ဆိုင်းရပ်တန့်နေလေ၏။

"လေးငယ်... လေးငယ်?"

ရှဲ့ရှီက သူ့ကိုခေါ်နေခဲ့သော်လည်း ရှဲ့မော့မှာ အတွေးထဲနစ်မြောနေပြီး နှေးကွေးစွာ အလျင်မှီအောင်တုံ့ပြန်၍ ခေါင်းကိုအသာမော့ကြည့်လိုက်သည်။
"ဟင်?"

"ဆေးမြန်မြန်သောက်လိုက်တော့နော်... မဟုတ်ရင် ဆေးရည်တွေ အေးကုန်တော့မယ်"

ရှဲ့မော့က ဆေးရည်ခွက်ကိုကိုင်ထားသော်လည်း လှုပ်ရှားမှုမရှိသေး။

"ချန်ချွမ်းကိုသွားခေါ်ပေးပါ...ငါသူ့ကိုမေးစရာတွေရှိလာပြီ"

သူ့နည်းလမ်းအပေါ် စိုးရိမ်မှုလုံးဝမရှိသည့်လူငယ်လေးသည် ရှဲ့မော့အနီး ချန်ချွမ်းနီးကပ်သွားမည်ကိုကာကွယ်ရန် တောင်းဆိုမှုကို ပါးနပ်စွာလက်ခံလိုက်သည်။
"ဟုတ်ပြီ ကျွန်တော်အခုပဲ ချန်ချွမ်းကိုချက်ချင်းခေါ်လာဖို့ ပြောလိုက်မယ်"

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now