တီတီ တီတီ တီတီ----
alarm မြည်လာသံကြောင့် စောင်ပုံထဲက မထုတ်ချင်တဲ့ လက်တွေကို အမြန်ထုတ်ပြီး ဖုန်းစီ လက်လှန်းလိုက်သည်။ ပြီးတော့ ပိတ်လိုက်ပြီး အိပ်စက်ခြင်းသို့တစ်ခါ ပြန်သွားနေလိုက်သည်။
ခဏအကြာတွင်
buzz buzz ---
တုန်ခါနေတဲ့ ဖုန်းသံကြောင့် လက်ပြန်ထုတ်ပြီး
ဖုန်းကို ကိုင်လိုက်သည် ။ကြားလိုက်ရတာက
နားထဲ စူးခနဲ ဖြစ်သွားသည့် အသံတစ်သံ။မည်သူ့အသံမှ မဟုတ် အချစ်တော် သူငယ်ချင်းမ၏အသံပင် ။
ဖုန်းသံဆုံးတော့ အမြန်အမြန်အိပ်ယာမှထပြီး ကိုယ်လက်သပ်ကာ အဝတ်အစားလဲသည့် အမှုကိစ္စစီ။
အာ ---ကြာပါတယ်ဆိုမှ ပုဆိုးကဝတ်လို့မရ။
အရင်ကျောင်းတက်တုန်းက အိမ်ကနေဆိုတော့
မိုးလင်းအရံသင့် မေမေ(သို့)မမ လုပ်ထားတာစားပြီး လာလိုက်ရုံ။ အခုတော့ ကျစ် ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ။ ကိုယ်က ဒီလိုဖြတ်သန်းချင်လို့ ရွေးချယ်လိုက်တာဆိုတော့လဲ။ အန်တီအေးရဲ့ ရှမ်းခေါက်ဆွဲနဲ့ ဝေးတာလဲဘယ်နှစ်ရက်မှန်းမသိတော့ပါဘူး။ အဆောင်ကနေ ကျောင်းတက်တာလဲတစ်ပါတ်ပင် ပြည့်ပြီးပြီ။ရှမ်းခေါက်ဆွဲကမနက်၆:၀၀လောက်ဆို ရပြီ။နာရီကြည့်လိုက်တော့ ၈:၃၀ သေပြီ ဒီအချိန်သွားပန်းကန်ဆေးပြီးသာ ပြန်လာရမည့်ကိန်း။အရင်ကဆို ကိုကြီး သွားဝယ်ရျ် မနက်ခင်းတိုင်းရှမ်းခေါက်ဆွဲလေး စားရသည် ။ယခုတော့---"ဂွီ ဂွီ"
စာနေသည့် ဗိုက်ကို လက်နှင့်အတင်းနှိပ်ပြီးကျောင်းလွယ်အိတ်ယူကာ ကျောင်းသားစုတဲ့
နေရာစီ။မထွက်ခင် အကို့ကုတင်ဘက်ကြည့်လိုက်တော့ အိပ်ယာခင်း ချည်ထောင်ကအစ ခေါက်ရိုးကျရာအတိုင်း သိမ်းထားသည်။ လူကတော့မရှိတော့။
ဒီအချိန်တောင် ရှိနေပြီပဲ သူလဲ အတန်းသွားလောက်ရောပေါ့ ။တစ်ပါတ်သာပြည့်လာတယ် စကားကရောက်ခါစကပြောတဲ့ စကားတွေသာ အကိုနှင့်ကျွန်တော့်ကြားရှိသည်။ နောက်ရက်တွေတော့အကိုကလဲ မစသလို ကျွန်တော့်ဘက်ကလဲ စကားမစ ။ရောက်တာနဲ့ ကိုယ့်အိပ်ရာကိုယ်စီ ဝင်ပြီး နားကြရုံသာ။မနက်ရောက်လျှင်တော့ အကိုက သူ့အိပ်ယာတွင်ရှိမနေတော့။ အမြဲအရင်ထွက်ထွက်သွားတတ်သည်။ ညနေဆိုလျှင်လဲ ကျွန်တော့်ထက် အရင်ရောက်ပြီးစာဖတ်နေခြင်းသာ ။ ထမင်းဟင်းကတော့ အခန်းမှာ မစားဖြစ်ကြ။ အကို ဘယ်လိုစားလဲမသိပေမယ့် ကျွန်တော်က အပြင်မှာ ဟိုနှစ်ကောင်နှင့် စားသောက်လာရျ် မစားဖြစ်တာက တစ်ပါတ်လုံး။
YOU ARE READING
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
Short StoryComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...