"အကို ဒီမှာခဏရပ်--"
ညီပြောသလို ရပ်ပေးလိုက်ပြီး ဆိုင်ကယ်ပေါ်၌စောင့်နေလိုက်သည်။
ညီက ဆိုင်တစ်ခုထဲ ဝင်သွားပြီး စားပွဲတစ်ခုမှာ
ဝင်ထိုင်နေသည်။ ညီအရင်နေ့တွေလို
မုန့်ဝယ်နေတယ်ထင်ပြီးပုံစံမပြတ် ကျွန်တော်ဆိုင်ကယ်ပေါ်မှာပဲ ဆက်စောင့်နေလိုက်သည် ။"အကို လာလေ ကြံရည်သောက်မလို့ဗျ--"
ညီလာခေါ်မှ ကျွန်တော် ကြောင်သွားရပြန်သည်။
ကြံရည်ဆိုင်တဲ့ ကြည့်လိုက်မှ ကြံဖက်တွေကြိတ်တဲ့စက်ကိုတွေ့ရသည် ။အခြားဟာက ကွမ်းယာရောင်းတဲ့ ကွမ်းယာခုံတစ်ခုရယ်အခြား မုန့်တွေရယ်သာ တွေ့သည်။"ဪ အင်း အကိုလာပြီ"
အရိပ်တစ်နေရာ၌ ဆိုင်ကယ်ရပ်လိုက်ပြီး ညီထိုင်ရာစားပွဲ၌ဝင်ထိုင်လိုက်သည်။
"အကို ဘာလို့ လိုက်မလာတာလဲဗျာ ကြံရည်ဆိုင်ဝင်ပြီး ကြံရည်သောက်မလို့ပါဆို"
ညီက စိတ်မရှည်သလို ပြောနေပြန်သည်။
"မဟုတ်ဘူး အကိုက ညီမုန့်ဝင်ဝယ်တယ်ထင်လို့"
"ဟာ အကိုကလဲ ကြံရည်စက်ကြီးမြင်နေရမှာတော့ကြံရည်သောက်မလို့ပေါ့ဗျ "
ပြောပြီးမှ ညီက အားနာသလို တစ်ချက်ကြည့်ကာ
"sorry အကို ကျွန်တော် အကို့ကို ဟီး---"
ထုံစံအတိုင်း မျက်နှာငယ်လေးနဲ့ ပြောနေပြန်သည်။
"ရတယ် ညီ အကို စိတ်ထဲမထားပါဘူး
အကို သေရှာမကြည့်မိလို့ပဲ"ညီ့စကားကို စိတ်မဆိုးနိုင် ကျွန်တော်မှ သေချာမကြည့်မိပဲ ညီ့အမှားမဟုတ်ဘူး ။ဒါကျွန်တော့်အမှား။ကျွန်တော် ညီ့ကိုဆို စိတ်မဆိုး စိတ်မခုရက်ဘူး။ ညီက ကျွန်တော့်အတွက် ကျွန်တော်လိုချင်မိတဲ့တစ်ဦးတည်းသော အဖော်မွန်လေးဖြစ်နေလို့။
"ဒါဆို အကို ဘာသောက်မလဲ
ရိုးရိုးကြံ လား /ဇီးကြံလား""ဟင် ! ရိုးရိုးကြံ /ဇီးကြံ ---???"
"ဟုတ်တယ် အကို ကြံရည်နှစ်မျိုးရှိတယ်
ရိုးရိုးကြံရည်က ဘာမှမပါဘူး ကြံရည်ပဲပါတယ်
ဇီးကြံက ကြံရည်ထဲ ဇီးအနှစ်ထည့်ထားတာ
နှစ်ခုလုံးသောက်လို့ ကောင်းတယ် အကို ဟီး"
YOU ARE READING
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
Short StoryComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...