"captionက စာသားက ဘယ်လိုရေး တတ်သွားတာလဲ"
"caption က---!"
"အွန်း---- အတောင်ပံပါရင် မင်းစီကိုဆိုတာက"
"ဪ--- အဲ့ဒါလား အဲ့ဒါက ဒီလိုရှိတယ်"
"ဘယ်လိုရှိတာလဲ အကိုရ ပြောမှဖြင့် မပြောဘူး
ဟိုဆွဲဒီဆွဲနဲ့""ဟား--- ညီရယ် ညီက ချစ်စရာလေးပဲ။"
ညီက မျှော်လင့်မထားတဲ့ captionက စာသားကို
မေးလာရျ် ညီ့ကို စနောက်ချင်လာသောကြောင့်
ညီ့ကို နောက်လိုက်ရာမှ ညီက နှုတ်ခမ်းကြီးဆူလာသဖြင့် ညီ့ရဲ့ စူနေတဲ့ နှုတ်ခမ်းလေးကို ဖွဖွလေးဆွဲလိုက်ပြီး ညီသိချင်သည့်အကြောင်းအရာလေးကို ပြောပြဖြစ်သည်။"ဒီစာသားက သီချင်းတစ်ပုဒ်ထဲက စာသားညီရဲ့"
"အွန်း---!"
ကျွန်တော်ပြောတော့ ညီက သိတယ်ဆိုတဲ့သဘော ခေါင်းလေး ငြိမ့်ပြသည် ။
"ညီ့ကို အကို စိတ်ယိုင်နေပြီ ဆိုတာ ဒီသီချင်းလေးကြောင့်သိခဲ့ရတာ။ အက်ိုတို့ရပ်ကွက်ထဲမှာ
လိင်တူအတွဲတစ်တွဲရှိတယ် ။သူတို့က ယောကျာ်းလေးချင်းယူထားတာဆိုတော့ ပါတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကိုလဲ ခံခဲ့ရတယ်။ ဒါပေမယ့် သူတို့ကလေဘယ်တော့မှ တစ်ယောက်ပေါ် တစ်ယောက် စိတ်ပြတ်သွားတာတို့ စိတ်ညစ်သွားတာတို့ မရှိကြဘူး။ကိုအောင်က ကိုစိုင်းကိုတော်တော်ချစ်တာ ညီရဲ့ ။ ကိုစိုင်းက အလုပ်နဲ့ မန္တလေးမှာ တာဝန်ကြတော့ ကိုအောင်က ခွဲရတဲ့ ရက်ဘယ်လောက်မှ မရှိသေးပဲ ဒီသီချင်း 'အတောင်ပံပါရင် မင်းစီကို'နဲ့ ဖီးလ်တာ ။ကိုအောင်ဘယ်လောက်ထိ ကိုစိုင်းကို ချစ်တယ် ဆိုရင် ကိုအောင့်အမေဖြစ်တဲ့ အန်တီအေးမြင့်တို့
ညီမဖြစ်တဲ့ မမရည်မွန်တို့တောင် လက်မြှောက်ရအောင်ထိ ချစ်ပြတာ။ကိုအောင့်ကို ဒီလို ယောကျာ်းတစ်ယောက်ကို ချစ်သွားလိမ့်မယ်လို့ အကိုဖြင့် ဘယ်တုန်းကမှ မထင်ထားခဲ့တာ။ ကိုအောင်ကလုံးဝ အဖြောင့်လေ။ လူက တည်တည်ကြီးနဲ့ အလုပ်မှ အလုပ်ပဲ ။ကိုစိုင်းကိုလဲ မထင်ထားဘူး ။ကိုအောင့်ကို ချစ်သွားလိမ့်မယ်လို့။
ကိုစိုင်းက ဆရာဝန်လေ ။အကိုတို့ ရပ်ကွက်ထဲမှာဆို ကိုစိုင်းကို လိုချင်ကြတဲ့ အပျိုတွေ နည်းမှ မနည်း ညီ ရဲ့ ။ဆရာဝန်ဆိုတဲ့ ဂုဏ်အရှိန်လေးလဲ ပါတာပေါ့။ "
BẠN ĐANG ĐỌC
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
Truyện NgắnComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...