"အကို လာ ပွဲပါတ်ရတာလဲ ညောင်းပြီလူလဲ တိုးရတာ မောလာပြီ တစ်နေရာမှာ ထိုင်ရင်း အမောဖြေရအောင်"
"ကောင်းပြီညီ ညီမုန့်စားအုံးမလား"
ကျွန်တော့်အမေးကို ညီက တစ်ချက် စဉ်းစားသလိုလုပ်ပြီး
"အကို တင်းဝါးစားချင်လား အကြော်နဲ့ တင်းဝါးစားရအောင်"
"အင်း ကောင်းသာပဲညီ"
ညီနှင့် ကျွန်တော် ပွဲဈေးတစ်ပါတ်ပါတ်ပြီး တင်းဝါးလိုက်ရှာကြသည်။
"အရင်နေ့က ပါတ်တုန်းက ဒီနေရာမှာ သေရှာမြင်လိုက်ပါတယ်"
ညီက လျှောက်ရင်း စိတ်ညစ်သလို တစ်ချက်ဆိုသည်။
"မတွေ့တော့လဲ ညီရယ် အပင်ပန်းမခံပါနဲ့ တွေ့တာစားကြတာပေါ့"
"မဟုတ်ဘူး အကို တွေ့တယ် ကျွန်တော့်မျက်လုံးနဲ့ဆက်ဆက်မြင်လိုက်တာကို ကျစ်!"
ညီက မတွေ့လို့ ပိုပြီး စိတ်တိုနေသည်။
ဒါ ညီ ကျွန်တော့်အတွက် ရှာပေးနေသည်သာဖြစ်သည်။ အရင် ရွှေမြင်တင်မှာတုန်းက ပြောခဲ့ဖူးသည့် ညီ့စကားအတိုင်း ညီက ဂတိတည်ချင်နေတာဖြစ်သည် ။ရွှေမြင်တင်မကြုံရရျ် ကထိန်ပွဲမှာရောင်းသည့် တင်းဝါးကို ကျွန်တော့်ကို ကျွေးချင်နေတာသာဖြစ်သည်။ ကျွန်တော့်ကို စားစေချင်လို့ မောတယ်ဆိုပြီး ညည်းနေသည့် ညီက ပွဲခင်းတစ်လျှောက်ခေါက်တုံ့ခေါက်ပြန်လျှောက်နေလေသည်။ ညီ့ပုံကို မမြင်ရက်တော့ရျ်"တော်ပြီ ညီ မတွေ့ရင်လဲ ရှာမနေတော့နဲ့
ဝယ်ထားတဲ့ အကြော်လဲ အေးတော့မယ်
တွေ့တာပဲ ဝယ်ပြီး စားကြမယ်"ညီ့ကို ကျွန်တော်ပြောပြီး ပွဲခင်းဘက်မှ အမြန်ခေါ်ထုတ်လာရသည် ဒါတောင် ညီက
မဟုတ်သေးပါဘူး အကိုရာ တွေ့တာကြီးကို
အခုမှ ဘာလို့ မတွေ့ရတာလဲဆိုပြီး အင်တင်တင်လုပ်နေရျ် မနည်းခေါ်ထုတ်လာရသည်။"ညီဟိုးမှာ----"
"တွေ့ပြီလား အကို"
"မတွေ့ဘူးညီ ကောက်ညှင်းပေါင်းသည် လို့ ပြောမလို့"
VOCÊ ESTÁ LENDO
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
ContoComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...