အပိုင်း(၁၂)✌️"ညီပြောသော LGBTအကြောင်း နှင့် ကျွန်တော့်၏ စိတ်"✌️

105 7 0
                                    


"Normal အတွဲတွေတောင် မတည်မြဲတဲ့ ဒီခေတ်ကြီးမှာ အခုလို လိင်တူအတွဲတွေက နားလည်မှုနဲ့တည်ဆောက်နေတော့ မနေသာတော့ပဲ ကူညီပေးဖြစ်သွားတာပါ ညီရော LGBTကို လက်ခံလား--?"

"လက်ခံတယ်ဆိုတာထက် supporterလုပ်ချင်တာအကို။ အကိုပြောသလို ဘာမှမတည်မြဲတဲ့ လောကကြီးမှာ လိင်စိတ်ဆိုတဲ့ sexကြီး တစ်ခုထဲကို မြင်ပြီး တွဲနေကြတဲ့ သူတွေရှိသလို၊ သူမှသူဖြစ်ပြီး မြတ်မြတ်နိုနိုးနဲ့ တန်ဖိုးထားတဲ့ သူတွေလဲရှိတယ်အကို ။ခက်တာက ဒီခေတ်အတိုင်းအတာမှာ LGBTတွေက တွင်ကျယ်လာတယ် ။တွင်ကျယ်လာတာနဲ့အမျှအတုအယောင်တွေက များလာတယ် ။social mediaတွေမှာပဲကြည့် followerများချင်တော့အပေါ်ယံတွေ တွဲပြတယ် ။ LGBTခံယူထားတဲ့သူတွေ အားကျလာအောင် နမ်းပြတာတို့အူယားအောင် လုပ်ပြတာတွေရှိလာတယ်။ဒါတွေက တကယ်တော့ လုပ်ပြစရာမှမလိုပဲအကိုရယ်။သူသာ တကယ်မြတ်နိုးတန်ဖိုးထားရင် ပေါ်တင်တွဲပြီး ပေါ်တင်ချစ်ပြပေါ့ ကျွန်တော်လိုချင်တာဒါ။

ပေါ်တင်တွဲပြရင် ပါတ်ဝန်းကျင်ဆိုတဲ့ ဒဏ်ကို
ခံရမှာ ကြောက်လို့ ဆိုတဲ့ အကြောင်းပြချက် တွေကိုကျွန်တော်မကြိုက်ဘူး။ လိင်တူအတွဲမပြောနဲ့Normalအတွဲတွေကိုတောင် ဒီကောင်မက ဘာ ဘယ်လို /ဒီကောင် က ဘာ ဘယ်လို ဆိုတဲ့ ချီးမွန်း ကဲ့ရဲ့ ဝေဖန်သံတွေက နားနဲ့မှ မဆန့်မလား ။လိင်တူအတွဲတွေလဲ ထိုနည်းတူပဲ အကို။
ကဲ့ရဲ့ ဝေဖန် ပြစ်တင်သံတွေက ကြားရမှာပဲ
ရှိမှာပဲ ။

ပြီးတော့ ကျွန်တော်တို့လို နေရာတကာ
ဘောင်ခေတ်ပြီး တွေးတဲ့ ဒီလိုနိုင်ငံမှာမှ LGBTဆိုတော့ ပိုဆိုးပြီးပေါ့ အကိုရယ်။ အခြောက်တွေပါ ဘာအထင်ကြီးစရာရှိလို့လဲ ကန်တော့ပါရဲ့ အပြားအပြားချင်း အချောင်းအချောင်းချင်းဆိုတာတွေက ရှိသေး။ ဒါတွေက လိုသလားအကို။ ချစ်တာ လူနှစ်ဦး ချင်းချစ်တာ ။သူတို့နဲ့ ဆိုင်သလား ။ယောကျာ်းနဲ့ မိန်းမပဲ ချစ်မှ ကြိုက်မှ လောကကြီးက တည်မြဲမှာလား ။ ယောကျာ်းယောကျာ်းချင်း/ မိန်းမချင်းကြိုက်တော့ရော ဘာဖြစ်သွားသလဲ ။သူတို့အိမ်အိုးထဲက ဆန်တွေလျှော့သွားသလား။ သူတို့ရှူနေတဲ့ လေတွေ လျှော့သွားသလား ။လူဆိုတာ ဒီလိုပဲ အကို ပြောစရာမရှိရင်ငါဒီနေ့ အီးပါတာ အမဲ ငါဒီနေ့ ပါတာကျအဝါဆိုပြီး မရှိရှိတာ ရှာကြံပြောမယ့် အမျိုးဗျ အကိုရ ။

"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw Where stories live. Discover now