"ညီဘယ်သွားကြမလဲ လည်ချင်တဲ့ နေရာရှိသေးလားညီက နယ်ခံဆိုတော့ ညီ့ပဲ ဆရာတင်ရတော့မှာအဟား--"
အကိုက ပြောရင်း ဆိုင်ကယ်ကို နေရာရွှေ့ပြီး
ဆံပင်တွေကိုလဲ သပ်တင်လိုက်သေးသည်။အကိုရဲ့ ဒီနေ့ ပုံက အတော်ကိုမှရှင်းသန့်နေသည်။
ဆံပင်တွေကို အပေါ်ကို သပ်တင်လိုက်တဲ့အချိန်တွင်မြင်လိုက်ရတဲ့ နှဖူးပြင်ကျယ်ကျယ်နှင့် ဖြောင့်စင်းနေတဲ့ နှာတံက မျက်နှာထပ် လိုက်ဖက်စွာ တည်ရှိနေပြီး ပါးရိုးကျရာ မျက်နှာကျကလဲ လေးထောင့်ဆန်ဆန် ယောကျာ်းဆန်ပြီး ခန့်ညားနေသည် ။ကျွန်တော်ကသာ မျက်နှာကျပါးရိုးမရှိပဲပါးလေးဖောင်းကာ ရှိနေသည်။သေချာကြည့်မှ အကိုက နက်ပြာရောက်ပုဆိုးနှင့်
စတစ်အင်္ကျီကို ဝတ်ထားပြီး ကျွန်တော်က အနက်ရောင်ပုဆိုးနှင့် ရှပ်လက်တိုတစ်ထည်ကို ဝတ်ထားသည် ။စီးနင်းထားသည့် ဖိနပ်ကလဲ မတိုင်ပင်ပဲအပြာရင့်ရောင် ကတီပါဖိနပ်တွေ ဖြစ်နေသည်က စုံတွဲတွေလို။အနီးအနားက ဖြတ်သွားဖြတ်လာ ဆိုင်ကယ်သမားများကလဲ ကွက်ကြည့်ကွက်ကြည့်နှင့် ကြည့်နေကြသည်။ ထိုထဲ အဆိုးဆုံးကား သူငယ်ချင်းမတို့လိုfujoshiဖြစ်မည့် မိန်းကလေးတွေပင်။ ကြည့်ပြီးပြုံးပြုံး ပြုံးပြုံးနှင့် အကိုက ထိုအပြုံးအရယ်တွေကိုမသိလောက်ပေမယ့် ကျွန်တော်က အရိပ်ပြရင်အကောင်လိုက်မြင်နေတော့လဲ။ အဟင်း--- သူတို့တွေ shipနေကြပြီ ဆိုတာ သိလိုက်ပြီ ဖြစ်သည် ။
"အကို ရွှေမုဌော ဘုရားမရောက်ဖူးဘူးမလား
အဲ့ဘက်သွားမယ် ဘယ်လိုလဲ""အကိုက အဆင့်သင့်ပဲ ညီပြောရာ နေရာသွားဖို့"
"OK--"
အကို့အပြောကို OKပုံစံ လက်မနှင့် လက်ခလယ်
ပုံလေး လုပ်ပြလိုက်ပြီး ဆိုင်ကယ်ပေါ်အမြန်တက်လိုက်တော့သည် ။မဟုတ်ရင် ဒီနေရာမှာပင်
အားလုံးရဲ့ အကြည့်တွေကနေ ကျွန်တော်
ချွေးပျံတော့မည် ဖြစ်သည် ။--------------------------------------------------------------
"ညီဒီဘုရားလား --"
"အင်း---"
"အကို ရောက်ဖူးလား ---?"
"မရောက်ဖူးဘူးညီ--"
VOUS LISEZ
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
NouvellesComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...