"အကို လာဗျ ခြံထဲ ပါတ်ကြမယ်"
ညီ့ခေါ်ဆောင်ရာနောက် ကျွန်တော် လိုက်ရာပြန်သည်။
"ဟား ကျွန်တော်တို့တော့ ပွသထက် ပွပြီပဲ အကိုရေ--"
ညီက ပြောပြီး ဝတ်ထားတဲ့ ပုဆိုးကို ချွတ်နေရျ်
"ဟားညီဘာလုပ်တာလဲ--?"
ကျွန်တော့်အမေးကို ညီက ပြူးကြောင်ကြောင်
ကြည့်နေပြီး အတန်ကြာမှ"အဟား အကိုရယ်--- အကိုက ရှက်နေတာလား
ပုဆိုးချွတ်တာ အောက်မှာ ဘောင်းဘီပါတယ်အကိုရဲ့ ။မာလကာပင်ပေါ်တက်မလို့ အကိုရ"ပြောပြီး ညီက လှစ်ခနဲ ဆိုသလို မာလကာပင်ပေါ်တက်သွားသည် ။ကျွမ်းကျင်သူတစ်ယောက်လို ။စက္ကန့်ပိုင်းနဲ့တင် ညီက အကိုင်းအခက်တွေနားရောက်နေပြီး အောက်သို့လဲ အသီးတွေချပေးသည်။
"အကို နည်းနည်းဆုတ် အသီးမှန်လို့ နာနေလိမ့်မယ်"
"အင် အင်း---"
ညီပြောသလို အနောက်သို့ ဆုတ်လိုက်ရသည်။
ညီက ဒီနေ့မှ မဝတ်စဖူး ပုဆိုးဝတ်လာတာဖြစ်ရျ်
ညီပုံစံက တစ်မျိုးဆန်းနေသည်။ အမြဲဘောင်းဘီအတိုလေးတွေနဲ့ပဲ မြင်နေရတော့ ဒီလို ပုဆိုးလေးနှင့် ကျပြန်တော့လဲညီက လူကြီးပေါက်လေးပုံ ပေါက်နေပြန်သည်။"ဖိုးသားကတော့ လာရင် အဲ့လိုပဲ အပင်မတက်ရရင်မနေနိုင်ဘူးလေ "
အပင်ကို မော့ကြည်နေသည့် ကျွန်တော့်ကို ဒေါ်လေးက ကြည့်ရင်းဆိုလာသည်။
"ရော့ သား ဒီခြင်းထဲ ထည့်ထား "
ဆိုပြီး မာလကာသီးတွေထည့်ဖို့ ခြင်းပေးသွားပြီးအိမ်ထဲပြန်ဝင်သွားသည်။
တစ်အောင့်လောက်ကြာတော့ ညီက အပင်ပေါ်ကနေ လှစ်ခနဲ ဆိုသလို ဆင်းလာသည်။
"ဟား အများကြီးပဲ ကျွန်တော်ခူးထားတာ
ကျွန်တော်တို့တော့ ပွပြီပဲ "ပြောရင်းဆိုရင်းညီက ခြင်းထဲ မာလကာသီးတွေကောက်ထည့်နေသည်။ ကျွန်တော်ကတော့ ညီ့ရဲ့
ပုဆိုးကို လက်တစ်ဖက်နဲ့ ကိုင်ပြီး ညီခူးထားသည့်မာလကာသီးတွေကိုပါ ညီနှင့်အတူ လိုက်ကောက်နေလိုက်သည်။
YOU ARE READING
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
Short StoryComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...