ဟင် အကြော်ဆိုင်ကလူ နေရာပြန်တောင်းမိတဲ့သူပဲ---။
ကျစ်! သူက ငါ့အခန်းဖော်လား--?
ထိုလူကလဲ ကျွန်တော့်ကို အံ့ဩသလို ခဏတာကြောင်ကြည့်ပြီး အခန်းထဲ ပြန်ဝင်သွားသည်။
ကျွန်တော်လဲ လုပ်စရာရှိတာ နေရာချစရာရှိတာတွေလုပ်လိုက်ပြီး အခန်းထဲ ဝေ့ဝဲကြည့်လိုက်သည်။
အခန်းကအတော်ကို ရှင်းသန့်နေသည်ပဲ
ကုတင် နှစ်လုံးက ဟိုဘက်အစွန်း ဒီဘက်အစွန်းမှာရှိပြီး ကုတင်အနားမှာ စာကြည့်စားပွဲနှင့် ထိုင်ခုံတစ်လုံးစီရှိသည်။ ထိုလူ့ဘက်ကြည့်လိုက်တော့
လေးထောင့် စတီးဗီရိုတစ်လုံး နှင့် အဝတ်ထည့်စရာ ပုံးနှစ်ပုံးလဲ ရှိသည် ။ကျွန်တော်သာ အဝတ်ထည့်လာသည်က ခရီးဆောင်အိတ်ကြီး နောက်ထပ်တော့ဘာမှမပါလာ ကျောင်းကျောပိုးအိတ်နှင့် မုန့်တွေသာပါတော့သည်။
သူ့နေရာနှင့်သူနေရာချပြီးမှ ထိုသူက အခန်းထဲ ပြန်ဝင်လာသည် လက်ထဲလဲထမင်းထုပ်နှင့် သူထမင်းသွားဝယ်သည်ပေါ့။ဒါ့ထက် အရေးကြီးတာ လုပ်ရအုံးမည်
ရွှေသူငယ်ချင်းမကြီးအတွက် missionတစ်ခု"အကို ---"
ကျွန်တော်ခေါ်လိုက်တော့ သူက ခုံမှာထိုင်နေရင်း
ကျွန်တော့်ဘက် လှည့်လာသည်။"အကို ဟိုဟာ---"
ပြောရင်း ဘာပြောရမှန်းမသိတာမို့ မျက်နှာသာဖြီးပြရင်း အကို့စားပွဲပေါ်အကြည့်ပို့မိသွားသည်။
"ညီ ဗိုက်ဆာလို့လား--?"
ဟင်--!
ကျွန်တော်ကြောင်သွားသည် စားပွဲပေါ်ကြည့်မိတာကိုဗိုက်ဆာလားဆိုတော့ ။ အင်း သူပြောတာလဲမှန်သည်ပဲ စားပွဲပေါ် ထမင်းထုပ်တွေတင်းထားသည်ကိုး ။နေအုံး သူကျွန်တော့်ကို ဘယ်လိုထင်သွားပြီလဲ။ကျွန်တော် ငတ်နေတယ်လို့များထင်သွားတာလား---?။
"ဟီး အကို ဟီး---မဟုတ်ဘူး ကျွန်တော်"
ရှိသမျှ သွားတွေ အကုန်ဖြီးပြီးပြုံးပြနေပေမယ့်
အကိုကတော့ ထမင်းဟင်းတွေ ထည့်ပြီးနေပြီ။
ကျွန်တော့်ကိုလဲ လာဆိုသည့်သဘော ခေါ်နေသည်။
أنت تقرأ
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
القصة القصيرةComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...