စိတ်တွေ လှုပ်ရှားပြီး ဘယ်ကနေ ဘယ်လို လာလိုက်သည်မသိသည်က အခုဆို ကျွန်တော်ခြေအစုံကရွှေမုဌော ဘုရားရှေ့သို့ ရောက်နေပြီး တုံ့ဆိုင်းခြင်းမရှိစွာနှင့်ပင် ကျွန်တော့်ရဲ့ စိတ်က ထိုသူရှိနေမည့် နေရာကို သိနေသည့်အတိုင်း နေရာတစ်ခုစီသို့သာဦးတည်လိုက်သည်။
"လွမ်းနေတာ ---"
"ဟင်--!"
ကျွန်တော် အံ့အားသင့်မိသည်ထိ ကျွန်တော့်နှုတ်က ပြောစရာစကား ပျောက်နေသည့်အလား ---။ postမတင်စဖူး တင်လိုက်သည့် အကို့ရဲ့ caption စာသားလေးကြောင့် (လား)ချင်း ထပ်နေသည့် ကျွန်တော့်ရဲ့ အမေးစကားတွေကလဲ လည်ချောင်းဝမှ တစ်စို့နေကာ "အကို့ရဲ့ လွမ်းနေတာ"ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့တင် နှုတ်ခမ်းဖျားကနေလဲ ထွက်မလာတော့ ။
"ညီ့ရဲ့ ကိုယ်သင်းနံ့လေးတွေ---၊ ညီ့ရဲ့ ရယ်သံလေးတွေ---၊ ညီ့ရဲ့ဟောဒီက ဆံပင်လေးတွေ "
အကိုက ပြောရင်း ကျွန်တော့်ဆံသားတွေထဲ လက်ထည့်ကာ ဆံပင်တွေကို ခပ်ဖွဖွလေး ထိုးဖွလိုက်ပြီးအကို့ရဲ့ သွားတတ်တွေ ပေါ်သည်ထိ ရယ်နေသည်။
"ညီ့ရဲ့ ဒီပါးဖောင်းဖောင်းလေးတွေကိုရော--"
ဆံသားထဲက လက်တွေကို ထုတ်ပြီး ညီ့ရဲ့ ပုခုံးနှစ်ဖက်ကို ဖွဖွလေး ဆုတ်ကိုင်လိုက်ကာ လွမ်းနေရသည့် ပါးဖောင်းဖောင်းလေးတွေကို ဖစ်ညှစ်လိုက်ချိန်မှာတော့---။"ညီ့ကို အကိုက စိတ်ပူနေတာ။ ညီက ပါးတွေတောင် ပိုဖောင်းလာတယ်ဆိုတော့--- ညီအဆင်ပြေနေတာပဲ။"
ညီ့ပါးလေးကို ဆွဲပြီး ညီ့ကို ပြောလိုက်တော့ ညီကအံ့ဩသွားတယ်ထင် မျက်လုံးလေးတွေ ဝိုင်းလာပြီးပြူးကြောင်ကြောင်လေး ကြည့်နေရျ်။
"ညီအံ့ဩသွားတာလား---?"
ညီက ကလေးသဖွယ် ခေါင်းလေးသာ အဆက်မပြတ်ငြိမ့်ပြပြီး ကျွန်တော့်ကိုသာ ကြည့်နေသည်။
"ဟား ညီက ချစ်စရာလေးပဲ။ ဒီမတွေ့ရတဲ့ တစ်လကျော်ကျော်အချိန်ကလေးမှာ ညီက ပိုချစ်စရာကောင်းလာတာပဲ။ အကိုတော့ ညီကြောင့်နဲ့ ပိုပိုပြီးသာ ချစ်နေမိပြီ"
ESTÁS LEYENDO
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
Historia CortaComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...