ကျွန်တော်ချစ်သော ရွှေသင်းသားလေးကို တစ်ပိုင်းတိုင်း ဖတ်ပြီး voteပေးခဲ့တဲ့ ထက်ကို ကျေးဇူးတင်မဆုံးပါ။ဒီရွှေသင်းသားလေးက ကျွန်တော့်ဘဝအတွက် အရေးပါတဲ့ storyလေးတစ်ပုဒ်ပါ။ ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရလိုက်တဲ့အတွက် ဖန်တီးလိုက်နိုင်တဲ့အတွက် က်ိုယ့်ကိုယ်ကိုလဲ ကျေနပ်မိပါတယ်။ဒီ storyလေး စရေးတာက လွန်ခဲ့တဲ့ နှစ်လ ကျွန်တော် စာမူလေးတစ်ခုအတွက် စဉ်းစားရာမှာ ပထမဆုံး
စဉ်းစားမိတာလေးပါ။ရေးတာကလဲ ရေးပြီးနေပြီ။ရေးရင်းရေးရင်းနဲ့ ရွှေသင်းရဲ့ တန်ခိုးကြီး ဘုရားတွေ၊စေတီ၊ ကျောင်းတွေ၊ ဒေသထွက်ရာသီစာတွေ၊ပွဲတော်တွေနဲ့ ဖန်တီးလိုက်တဲ့အချိန်မှာတော့ ကျွန်တော့်စာက အရမ်းရှည်သွားခဲ့ပါတယ်။ ထို့အတွက်နဲ့ plot ပြောင်းလဲခဲ့ပါတယ်။ဒီရွှေသင်းသားလေးကိုတော့ ကျွန်တော်ရေးတဲ့ ပုံစံမပြောက်ပြက်အောင် ကျွန်တော် ရေးချင်တာတွေ ဖြည့်စွက်ချင်တာတွေနဲ့ ကျွန်တော်ဖန်တီးခဲ့ပါတယ်။ ဒီ့အတွက်လဲ ကျေနပ်ပါတယ်။
"ကျွန်တော်ချစ်သောရွှေသင်းသားလေး"ကို ဖတ်ပြီးရွှေသင်းဆိုတဲ့ ရမည်းသင်းမြို့လေးကို စာဖတ်သူတို့ အရောက်လှန်းလာခဲ့ဖို့လဲ ဖိတ်ခေါ်ချင်ပါတယ်။ကြိုဆိုလျှက်ပါ။ တကယ်လို့ လာလည်ဖြစ်ခဲ့ရင်ရွှေသင်းရဲ့ ရာသီစာတွေ---၊ ပွဲတော်တွေ---၊
တန်ခိုးကြီး ဘုရားတွေကို အရောက်ဖူးဖို့ အကြံပေးချင်ပါတယ်။ ဒီရွှေသင်းဆိုတဲ့ short storyလေးမှာပါဝင်တဲ့ ဆိုင်တွေက ရွှေသင်းမြို့လေးမှာ တကယ်ရှိတဲဲ ဆိုင်လေးတွေပါ။ ကျွန်တော် ရေးနေစဉ်တုန်းကအများကြီး စဉ်းစားခဲ့ရပါတယ် ဆိုင်အမည်မှန်တွေ ဖော်ပြသင့် မပြသင့် ။သို့ပေမယ့် ရွှေသင်းဆိုတဲ့ကျွန်တော့်မြို့ကို အခြေခံထားပြီး ရွှေသင်းမှာရှိတဲ့ နည်းပညာကျောင်းကိုပါ ထည့်ရေးထားရျ် ဆိုင်နာမည်တွေကိုလဲ အမှန်ပဲ ထည့်ရေးထားပါတယ်။
သည့်အတွက်လဲ ပါဝင်တဲဲ့ ဆိုင်တွေကို အပြည့်အဝ creditပေးပါတယ်။ကိုးကား-----
(၁)ရမည်းသင်းသမိုင်းကြောင်းဆိုသည့် စာအုပ်နှင့် ဆင်ကျုံးဆရာတော်ပြုစုတဲ့ ရမည်သင်းသမိုင်းစာအုပ်နှစ်အုပ်ကို ကိုးကားထားပါသည်။
YOU ARE READING
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
Short StoryComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...