အပိုင်း(၃၆)✌️"ကျွန်တော်၏ အဖြေပေးရက်---"✌️

87 4 0
                                    

ဒီလိုနှင့် ကျွန်တော်နှင့် အကိုဟာလဲ ခါတိုင်းရက်တွေလို အခင်အမင် မပြတ်ပဲ နေလာသည်က ကျွန်တော့်ရဲ့ အချစ်ဝန်ခံပြီးတဲ့ နေ့မှစရျ် စာမေးပွဲဖြေနေစဉ် ကာလပါတ်လုံး ။

အကိုက ထုံးစံအတိုင်းပင် ကျွန်တော့်ကို ဂရုစိုက်ပြီး စာမေးပွဲ ဖြေနေစဉ် ကာလလုံးတွင်လည်း အာဟာရရှိသည်များကို ဂရုတစိုက်နှင့်ပင် ကျွေးပြီး ကလ်စီယမ်ဓါတ် အားနည်းသည့် ကျွန်တော့်ကိုလဲ ငှက်ပျောသီးအစား တစ်နေ့ နွားနို့ တစ်ခွက် ပုံမှန်တိုက်သည်။ ကျွန်တော်ကတော့ အကို့ ဂရုစိုက်မှုတွေကို ကြည့်ပြီးပိုပိုပြီးသာ ဝမ်းနည်းလာရျ် အကို့မမြင်ကွယ်ရာ ရောက်မှ ကြိတ်ငိုနေရသည်က အခါခါ။ ဒီစာမေးပွဲပြီးရင် အကိုနဲ့ ကျွန်တော်ခွဲခွာရမည်က ရက်ပေါင်း ခြောက်ဆယ်ကျော် လပေါင်းအားဖြင့် နှစ်လ ကြာမည် ဖြစ်ရျ်အကို့စီက ဘယ်လို အဖြေရနေပါစေ အကိုနဲ့ ပုံမှန်အတိုင်း ခင်မင်နေရမည် ဖြစ်ရျ် စိတ်က အနည်းငယ်တော့ ဝမ်းသာမိသေးသည်။

"ဟေ့ သာကြီး ကံကောင်းပါစေကွာ ။
ဒီက ပါပါးကြီးက ဆုတောင်းပေးနေမယ်"

"အေးပါကွာ ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ"

စာမေးပွဲ နောက်ဆုံးရက်ဖြစ်ရျ် စာများကို ဖြေဆိုလာပြီးချိန်၌ ကျောင်းသား/သူများ၏ မျက်နှာများက ဖြေနိုင်သည် မဖြေနိုင်သည်အပထား ဒီတစ်နှစ်တော့ ကျွတ်ပြီဟေ့ ဆိုပြီး ဝမ်းသာသည့် ပီတများက မဖုံးနိုင် မကွယ်နိုင်ဖြစ်နေလျှက် ။ ထိုထဲ စာမေးပွဲ ပြီးရျ်ပျော်နေသည်ထက် အကို့စီက အဖြေက်ို ရမည့် ကျွန်တော်က ပိုရျ် ပင် ပျော်နေသည်က ဘေးက ရွှေသူငယ်ချင်းလေးသကောင့်သားကပါ ဆုတောင်းပေးနေရသည်ထိ ကျွန်တော့်မျက်နှာက သိသာနေလျှက် ။ ဘယ်လိုအဖြေပဲ ရလာရလာ ရလာသည့် အဖြေကို ကျွန်တော်က လေးစားမည် ဖြစ်ရျ် အကို့နှုတ်ထွက်စကားကို အမိန့်အဖြစ် လက်ခံမည်က အသေအချာပင် ဖြစ်သည်။

"ဒီက မားကြီးကလဲ ဆုတောင်းပေးတယ်နော်
သား ကံကောင်းပါစေ--!"

အဆောင်ဘက်သို့ အမြန်ပြေးနေမှ အနာက်မှ သူငယ်ချင်းမက မြန်မာအိုင်ဒေါက အန်တီမေဆွိအသံနဲ့'သားကံကာင်းပါစေ 'ဆိုပြီး ပြောလာသဖြင့် ဖာခ့် ပုံစံ လက်ခလယ် တစ်ချောင်း ထောင်ပြလိုက်ရာ သူကပါ လက်နှစ်ဖက်စလုံးဖြင့် လက်ခလယ်ထာင်ပြီး ဒဘလယ် ဖာခ့်ပုံစံ လုပ်ပြနေသည်မို့ ရယ်ပြီးအဆောင်ဘက်သို့ အမြန်ခြေလှန်းလိုက်တော့သည်။

"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw Where stories live. Discover now