"ဟိုမှာ ပင်လယ်ဓါးမြကြီး ရပ်သွားပြီ လာလာ စီးကြမယ်"
သူငယ်ချင်းမက ထုံးစံအတိုင်း သွက်သွက်နှင့် အရှေ့ကနေ ပင်လယ်ဓါးမြကြီးစီ ဦးတည်သွားတော့ ဟိုအကောင်ကပါ အနောက်ကနေ လိုက်သွားရင်း
လာမြန်မြန်လာခဲ့ အကို့ကိုပါ ခေါ်ခဲ့ ဆိုပြီး
အော်သွားသည်။"အကို လာ ပင်လယ်ဓါးမြရပ်သွားပြီ
အကို အဆင်ပြေသွားပြီမလား။ လာလာ--- သွားစီးကြမယ်"အကို့ ပြန်အဖြေ မစောင့်တော့ပဲ အကို့လက်ဆွဲကာပင်လယ်ဓါးမြစီ ဦးတည်သွားတော့သည်။
ဟိုရောက်တော့ ပင်လယ်ဓါးမြက အပြားကြီးရျ် ခုံတစ်ခုတွင်လေးယောက်ဆန့်သည် ။ အကို့ကို အစွန်ဆုံးထားပြီး အကို့ဘေး၌ကျွန်တော်၊ ကျွန်တော့်ဘေး၌ သူငယ်ချင်းမနှင့် သူငယ်ချင်းမဘေး၌ ဟိုကောင့်က ထိုင်သည်။
ကထိန်ပွဲ ဖြစ်ရျ် ပွဲဈေး၌ လူတွေကလဲ ရှုပ်ရှက်ခတ်နေပြီး ကထိန်ပါတ်တဲ့ လူတွေရဲ့ စကားပြောသံ၊ ဈေးရောင်း ဈေးဝယ်တွေရဲ့ ဈေးစစ်သံ ၊ကလေးတွေရဲ့ ကစားသံတွေနှင့် ညံနေလှသည် ။
ကျွန်တော်တို့ ပင်လယ်ဓါးမြပေါ်၌လဲ အော်ဟစ်သံတွေ ရယ်သံတွေနှင့် စုံလင်လျှက်ရှိနေသည်။
အများဆုံး လူနှစ်ဆယ် သုံးဆယ်လောက် တင်ဆောင်ထားသည့် ပင်လယ်ဓါးမြကြီးက လွှဲလိုက်တိုင်းလှုပ်ခါသွားပြီး နေဝင်ခါနီး ညနေချိန်ဖြစ်ရျ် ကောင်ကင်ပြင် နီဆွေးဆွေးကြီးကိုလဲ အနီးကပ်ဆုံး မြင်နေရသည်။တစ်ချက် တစ်ချက် လှိုက်ဖိုလာတဲ့ရင်အစုံနဲ့ တစ်ဒုန်းဒုန်း ခုံပေါက်နေတဲ့ ရင်ဘတ်ကလဲစိတ်လှုပ်ရှားလွန်ပြီး အပျော်လွန်နေရျ် ရင်ခုန်သံတွေကို အတိုင်းသားကြားနေရသည်။
သူငယ်ချင်းမရဲ့ "အမလေး အမေရေ--- "ဆိုပြီး အော်သံ ခပ်စူးစူးကြီးကလဲ နားအနားထိ ရိုက်ခက်နေပြီးလွှဲလိုက်တိုင်း ကြောက်လွန်းရျ် အော်နေသည့် သူမကအစောက ပင်လယ်ဓါးမြကြီး စီးချင်နေသည့် သူ မဟုတ်သည့်အလား--- ။
ဆင်းချင်တယ် ရပ်ပေးဆိုးပြီး အသံဗြဲကြီးနှင့်လဲ အော်ဟစ် ငိုယိုနေသေးသည်။
YOU ARE READING
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
Short StoryComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...