အပိုင်း(၅)✌️"ဘာလို့မှန်းမသိ ကျွန်တော်ပျော်ပါသည်---"✌️

176 9 0
                                    

တစ်ပါတ်ဆိုတဲ့ အတိုင်း ကျောင်းဖွင့်ရက်မှာ
လူက တက်ကြွလို့ ။ တစ်ပါတ်အတွင်းနိုးထလာတဲ့မနက်ခင်းတိုင်း ခြေကားယားလက်ကားယားနှင့်အိပ်နေသည့် အကောင်ပေါက်ကို မြင်နေရရျ်။
ထုံးစံအတိုင်း ကျောင်းသွားဖို့ ပြင်နေသည်အထိ
ထိုအကောင်ပေါက်က နိုးမလာ မထင်မှတ်ထားသည့်စိတ်က နှိုးဖို့ ကြံရွယ်မိခဲ့ပေမယ့် နှိုးဖို့ လက်ရွယ်လိုက်တိုင်း

"သူက မင်းနဲ့ အသိလားဆိုသည့် "မေးခွန်းကြီးကသာခေါင်းထဲ တစ်ဝဲလည်နေရျ် လက်အစုံတွေ နှိုးဖို့ကြံရွယ်ပြီးကာမှ ပြန်ရုတ်သိမ်းခဲ့ရတာက တစ်ပါတ်လုံး။

အဖော်အပေါင်းမထားရျ် classထဲလဲစိတ်မညစ်ရအောင် အမြဲ နားကြပ်တက်ပြီး နေခဲ့သည်။
ဂျူနီယာစာသင်ခန်းတွေရှေ့ကဖြတ်တိုင်း မသိမသာမျက်ဝန်းထောင့်ကနေ ကြည့်လိုက်ချိန် ပါးစပ်ထဲတစ်မြုံ့မြုံ့နှင့် ဝါးရင်း သူငယ်ချင်းတွေနှင့် ရယ်နေသည့်အကောင်ပေါက်ကိုမြင်မှ စိတ်က သက်ပြင်းချရတာ အခါခါ ။ ညီအတန်းတော့ တက်သားဆိုပြီး။

စာဖတ်နေတိုင်း class​ရှေ့ မိန်းကလေးတစ်သိုက်နှင့်လာလာစကားပြောတတ်တဲ့ဂျူနီယာမလေးအနားအကောင်ပေါက်ကို မြင်တွေ့ရတာကလဲမကြာခဏ ။မကြာခဏထက် တစ်ပါတ်လုံး မြင်နေရသည်။မြင်ရတိုင်း ရယ်မောနေသည်ဖြစ်ရျ် အပြုံးလှတဲ့ကောင်လေးဆိုပြီးတော့လဲ စိတ်တစ်နေရာကရေရွတ်ဖူးသည်။

အတန်းပြီးလို့ အဆောင်နားချိန်တိုင်း အချိန်မှန်ပြန်မလာတက်ရျ် မကြာခဏပြတင်းပေါက်ကို ကြည့်ကာ စိတ်ပူနေသလိုမျိုး ပူပန်တတ်မိနေသေးသည်။

စကားနည်းကာ အပေါင်းအသင်းမရှိရျ် လူတောမတိုးတတ်ကာမှ ယခု အခန်းဖော်နှင့်ဆိုတော့။ ညတွေ့တဲ့ တစ်ချိန်မှာ အတူ စားရမလား မစားရမလားမေးချင်မိခဲ့ပေမယ့် ထိုအကောင်ပေါက်ရဲ့
ပြန်လာချိန်က အမြဲ ၇:၀၀သာ ။

ပြန်ရောက်ပြန်တော့လဲ ခြေလက်ဆေးပြီး တန်းကုတင်ပေါ်တက်တာဆိုတော့ ညစာအကြောင်းမမေးဖြစ်တော့ပဲ ကိုယ့်ဘာသာ ဆိုင်မှာ တစ်ခါထဲ စားလာရသည်က ယခု ဒုတိယနှစ်ဝက် တစ်ပါတ်အစလုံး---။

တစ်ခါတစ်ခါ ထိုကောင်လေး ဖုန်းပြောရင် ကြားနေရသည့် မေမေ မေမေနှင့် ချွဲနေတာတွေ
အမေငေါက်ရင် အကိုဖြစ်သူကို အကူအညီတောင်းတာတွေ အမွှေစိန်ဆိုသည့် ညီ့ရဲ့ ပါးစပ်ကခေါ်တဲ့ နာမ်စားလေးကိုလဲ ကြားရပြန်သည်။
ထူးဆန်းတာက ညီက ဒီမြို့သားတဲ့။
ဒီမြို့သားဖြစ်ပြီး အဆောင်နေတာက ထူးဆန်းပေမယ့် အင်း ကျွန်တော်လဲ သေချာမသိရျ် နောက်အခွင့်အခါသင့်မှညီ့ကို မေးကြည့်တော့မည်ဟု တေးထားလိုက်သည်။

"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw Onde histórias criam vida. Descubra agora