"ဟာ ဟိုး မှာ ဦးပကြီးပဲ"
ညီက ပြောပြီး ဦးပကြီးရေ ဦးပကြီးရေ ဆိုပြီး
လှန်းခေါ်သည်။ညီခေါ်သည့် ထိုဦးလေးကြီးက အဝေးကမလို့ ညီ့ကို မမှတ်မိဘူးထင် အတော်ကြာမှ
"ဟား ဖိုးသားကြီးပဲ ငါ့တူကြီးက လူကောင်ထွားလာတော့ ပကြီးတောင် သိပ်မမှတ်မိတော့ဘူးကွာ"
"ဟား ဦးပကြီးကတော့ လုပ်ပြီဗျာ။ ဦးပကြီး မမြှောက်လဲ ကျွန်တော်က ပကြီးကြိုက်တဲ့ မုန့်တွေဝယ်လာပါတယ်နော် ။ဒီမှာ ဦးပကြီး ကြိုက်တဲ့ ကောက်ညှင်းနနွင်းမကင်းရယ်၊ဒေါ်လေးကြိုက်တဲ့ငှက်ပျောသီးနနွင်းမကင်းရယ်၊မမကြိုက်တဲ့ကျောက်ကျောရယ်၊အကိုကြီးကြိုက်တဲ့ မလှိုင်မုန့်ရယ် အားလုံးက ဒေါ်အေးကြည်ဆိုင်ကကြည့်ပဲနော် ။ဦးပကြီးကြိုက်တယ်မလား။ အားမနာနဲ့အများကြီးမဟုတ်ဘူးယူနော်။"
"မပါလည်း ရပါတယ်ကွာ ငါ့တူလာတာကိုပဲ ပကြီးကပျော်နေတာ ဒါတွေဝယ်လာစရာမလိုပါဘူးကွာ "
"ဘာလဲ ဦးပကြီးက ကျွန်တော်ဝယ်လာတာတွေနည်းလို့ဆိုပြီး မလိုချင်တာလား "
"ဖိုးသားကတော့ လုပ်ပြီဟေ့ ပကြီးအကြောင်းသိနေတဲ့အတိုင်း ဟုတ်တယ်ဟေ့ ဖိုးသားဝယ်လာတာနည်းလို့ဟုတ်ပြီလား ဟားဟား"
ညီနှင့် ထိုဦးလေးကြီးက တစ်ယောက်နှင့်တစ်ယောက်စရင်းနောက်ရင်း စကားတွေပြောနေကြသည်။ညီက အတော့်ကို လူချစ်လူခင်ပေါတဲ့ ကလေးလေးဆိုတာကိုတော့ ညီနှင့် ပေါင်းလာတဲ့ ဒီသုံးလအတွင်းသိနေပြီဖြစ်ရျ် ညီတို့ ပြောတဲ့စကားတွေကိုသာဘေးကနေ နားထောင်နေလိုက်တော့သည်။
"ငါတူက သေရှာကြည့်မှ ပကြီးတို့ ကြည့်ဖူးတဲ့ ကိုရီးယား မင်းသား လီစူးရောက်နဲ့တူနေသလိုပဲ"
"ဟား---ပကြီးကတော့နော် ဘယ်က လီစူးရောက်လဲထယ်စောက်လောက်ဆို တော်သေး"
"ထယ်စောက်နဲ့ တူလားမတူလားတော့မသိဘူး
ပကြီး အမြင်မှာတော့ ကိုရီးယားမင်းသား လီစူးရောက်နဲ့ပဲ တူတယ် ဟားဟား""ဦးပကြီးကဗျာ---"
ညီက စိတ်ဆိုးသလို ရေရွတ်တော့မှ
YOU ARE READING
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
Short StoryComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...