"အကို အကို ထ အင်္ကျီအပေါ်ထပ် ထပ်ဝတ်
သွားစရာရှိတယ်""ညီ ဘယ်လဲ ညီရဲ့ စာမေးပွဲက နီးနေပြီလေ"
"အကိုကလည်း စားတယ်ဗျာ ၊လဲဆိုလဲလိုက်ပေါ့
ကျွန်တော်အောက်ထပ်မှာ စောင့်နေမယ်"ညီက ပြောပြီး အောက်က်ို ဆင်းသွားရျ် အမြန်ပဲ စာကြည့်စားပွဲက ထပြီး ရှပ်လက်တို တစ်ထည် စွပ်ကျယ်ပေါ်ကောက်စွတ်ကာ အဆောင်အောက်ထပ်သို့ ဆင်းလာရသည် ။ စာမေးပွဲဖြေဖို့က တစ်ပါတ်လောက်ပဲ လိုတော့မည် ဒါကို ညီက စာမလုပ်ပဲ အခုလိုတွေ ထွက်နေတော့ မစဉ်းစားနေတော့ပါဘူး။စဉ်းစားနေရင်လဲ ညီက ကြာတယ် ဘာတယ်လုပ်နေမှအမြန်ပဲ အောက်ထပ်သို့ ဆင်းသွားလိုက်တော့သည်။
"လာ အကို တက်ဗျ"
ညီက ညီ့ဆိုင်ကယ်ပေါ်သို့ရောက်နေပြီး ကျွန်တော့်ကို ညီ့ ဆိုင်ကယ်အနောက်မှာ ထိုင်ဖို့ ခေါ်နေသည်မို့ ကျွန်တော်လဲ ညီပြောတဲ့အတိုင်း ညီ့ဆိုင်ကယ်အနောက်မှာ ခွလျှက်ပဲ ထိုင်လိုက်တော့သည်။
"အကို ဘေးစောင်းထိုင်လေ "
"ရတယ် ညီ ၊အကို ဘေးတစ်စောင်း မထိုင်တက်လို့ ခွပဲ ထိုင်မယ်ညီ"
"ဟုတ်ပြီ အကို ၊အကို အဆင်ပြေသလိုသာထိုင်"
"ဒါနဲ့ ညီအခု ဘယ်လဲ --?"
"ရောက်ရင်သိမှာပေါ့ဗျာ "
ညီက ကျွန်တော့်ကို ခပ်ပြတ်ပြတ်ပဲ ဖြေပြီး အဆောင်ကနေ ဆိုင်ကယ်ဖြင့် စထွက်တော့သည်။ အမြဲ ကျွန်တော်ကပဲ အရှေ့ကနေ ဆိုင်ကယ်မောင်းနေရျ် ဒီနေ့ ညီမောင်းသည့်နေ့မှ အနောက်က လိုက်ထိုင်ရတော့ ပါတ်ဝန်းကျင်ကိုလဲ ကြည့်ရင်း ရှုရင်း ညီ့ကိုယ်သင်းနံ့လေးကိုလဲ ရှုရှိုက်ရင်းနှင့် ညီခေါ်ဆောင်ရာသို့ လိုက်ပါလာတော့သည် ။
တစ်ချက် ၊တစ်ချက် နားသယ်စပ်အနား ရိုက်ခတ်နေသည့် အကို့ရဲ့ အသက်ရှုသံတွေက ခြေဖျား လက်ဖျားတွေကိုပါ အေးစိမ့်စေပြီး ရင်ခုန်သံတွေကိုပါအတိုင်းသားကြားနေရခြင်းကြောင့် ကိုယ်ဘာသာမလုံမလဲ ဖြစ်ရပြန်သည် ။ back မှန်ကနေ မြင်နေရတဲ့ အကို့ မျက်နှာ အစိတ်အပိုင်းတစ်ခုချင်းစီကိုက ဆွဲဆောင်မှုရှိနေတော့လဲ ဦးတည်ရာသို့ ဖြေးဖြေးမှန်မှန်မောင်းနှင်ရင်း တစ်ချက် တစ်ချက် အကို့ကို ခိုးကြည့်ကာ အဝေးပြေးလမ်းမအတိုင်း မောင်းနှင်လျှက်။
YOU ARE READING
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
Short StoryComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...