အပိုင်း(၃၄)✌️"ရွှေသင်း ထပ်တယာသုပ်နှင့် မွန်းစတားမြေ---"✌️

55 2 0
                                    

"အကို ဗိုက်ဆာလား"

"အင်း နည်းနည်းဆာသလိုပဲ ညီ"

"ဟုတ်ပြီ ဒါဆို တစ်ခုခု စားကြတာပေါ့"

"အကိုလာ ဒီဆိုင်မှာ စားမယ်"

ညီက ကျွန်တော့်ကို မေးပြီး လမ်းမတော် လမ်းနှင့်ကပ်လျှပ် ဖွင့်ထားသည့် ဆိုင်တစ်ခုအတွင်းသို့
ဝင်ရန် ကျွန်တော့်ကို ခေါ်သည်။ ဆိုင်က အတော်မှ ကျယ်နေပြီး လူတွေကလဲ မိုးချုပ်စချိန်ဖြစ်သည်ကိုအတော်မှ လူကျနေသည် ။

"အကို ဒီမှာ ထိုင်ရအောင်"

"အင်း"

ညီဦးဆောင် သွားရာ ခုံတစ်ခုမှာပင် ထိုင်လိုက်သည်။

"အကို ဒီဆိုင်မှာ ထိုင်ဖူးလား"

"မထိုင်ဖူးဘူး ညီ ဒီဘက်ရောက်ပေမယ့် တစ်ခါမှ သတိမထားမိဘူး။ ဒီဆိုင်ရှိမှန်းတောင် အကိုအခုမှ သိတယ်"

"ဒီဆိုင်က အလင်းပေါက် ဆိုင်လေ အဲ့ဒါကြောင့် အကိုသတိမထားမိတာနေမှာ "

"အင်း--"

"ဒီဆိုင်က အစားအသောက်တွေ အကုန်ကောင်းတယ် ။အကို ဘာစားချင်လဲ။ ထပ်တယာ၊ ကီမား၊ ပလာတာ၊ငှက်ပျော ပလာတာ ၊ထမင်းကြော်၊ နံပြားအုန်းနို့စမ်း၊
ထပ်တယာသုပ်၊ လ္ဘရည် ၊အအေးမျိုးစုံ ၊အစုံရတယ် အကို ကြိုက်တာမှာ"

ညီက ပြောပြီး အနားရောက်လာသည့် စားပွဲထိုး
လေးကို ထပ်တယာသုပ် ဆိုပြီး မှာလိုက်သည့်
အသံ ကြားလိုက်ရပြီး 'ရေနွေးတစ်အိုးပါချပေး'ဆိုသည့် ညီရဲ့ နောက်ဆက်တွဲ မှာတဲ့ အသံကိုပါ ကြားလိုက်ရသည်။

"အကိုကော ဘာမှာမလဲ"

"ဘာမှာရမလဲ မသိလို့"

"ကျွန်တော့်လို ထပ်တယာသုပ်စားပါလားကောင်းတယ် ။ညီလေး ထပ်တယာသုပ် နှစ်ပွဲ
ရေနွေးလေးချပေး---"

"ဟုတ်အကို"

ညီက ကျွန်တော့်အဖြေကိုတောင်ဆုံးအောင် နားမထောင်လိုက် သူ့ဘာသာမှတ်ချက်ပေးပြီး စားပွဲထိုးညီလေးကို မှာနေသည်။

"အကို အဆင်ပြေတယ်မလား ထပ်တယာသုပ်က---"

"အဆင်ပြေပါတယ် ညီကောင်းတယ်ဆို ကောင်းမယ်ဆိုတာ အကို သိပြီးသားမလို့ ။ညီက အစားအသောက်တွေဆို ဆုံတယ်လေ"

"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw Tempat cerita menjadi hidup. Temukan sekarang