"အကို ကျွန်တော်ပြောစရာရှိတယ်"
"ပြောလေ ညီ ဘာပြောမလို့လဲ"
စာမေးပွဲက နောက်နှစ်ရက်လောက်ဆို ဖြေတော့မည်။ညီနှင့် ကျွန်တော်လဲညီနောက်ဆုံးတစ်ခါက် ခေါ်ပြီးအပြင်ထွက်ပြီးထဲက အပြင်မထွက်တော့သည်မှာယနေ့ထိပင် ဖြစ်သည် ။နှစ်ယောက်လုံး ပေးထားသည့်စာများကို ကျက်လိုက် မှတ်လိုက်နှင့် အရင်ကလိုတောင် အကို ညီဆိုပြီး စကားကောင်းကာင်း မပြောဖြစ်ကြ ။
"အကို ဒီဘက်ခဏလှည့်ပေးပါလား ကျွန်တော်ပြောမှာက အရေးကြီးတာမလို့"
"အင် အင်း ညီ"
ညဦးပိုင်းတောင် ရောက်ပြီး စာလုပ်နေသည်မှ
ညီက ညီ့ စာကြည့်စားပွဲဘက်လှည့်ပြီး စကားပြောမည်ဆိုရ်ျ စာကျက်နေရင်း ကြားမှ ညီ့ဘက်လှည့်လိုက်သည်။"အကို ကျွန်တော် အခုပြောမှတွေက ကျွန်တော့်ဘဝတစ်ခုလုံးနဲ့ သက်ဆိုင်နေတာမလို့ အကို သေချာနားထောင်ပေးပါ"
"အင်း ညီ အကို နားထောင်ပေးမယ်"
"ကျွန်တော် ချစ်မိနေပြီ အကို"
"ဟင်--! ညီက "
"ဟုတ်တယ် အကို"
"Wow--- Congraculation ညီ။
ညီက တကယ့် supriseပဲ ပြောပါအုံး ။
ဘယ်က ကောင်မလေးလဲ--? ။ queenလေးလဲ--?။starလေးလား--?။ ညီ့ရဲ့ နှလုံးသားတစ်ခုလုံးကို က်ိုင်လှုပ်နိုင်တဲ့ သူဆိုတော့ ကောင်မလေးက တော်တော်ချော တော်တော် လှမှ ရလိမ့်မယ်။ ငါ့ညီကိုချစ်မိသွားအောင် လုပ်နိုင်တဲ့ အထိက""ဘာတွေလျှောက်ပြောနေတာလဲ ။ကောင်မလေးမဟုတ်ဘူး အကိုရ ။ကျွန်တော် ချစ်မိနေတာ အက်ို့ကို--!"
အကို့ကို ဝန်မခံမိအောင် ထိန်းချုပ်ထားသည်ကြားမှ စိတ်က မထိန်းချုပ်နိုင်တော့။ စာမေးပွဲ ပြီးရင် ခွဲရတော့မည့် အချိန်တွေကို ကျွန်တော် ဘယ်လိုမှ မခံစားနိုင်။ဒါကြောင့်လဲ ကြံရာမဆုံး လုပ်မိလုပ်ရာ ပြောမိပြောရာ ပြောလိုက်မိခြင်း ။ဒါကို အကိုက ဘယ်ကကောင်မလေးလဲ ဘာညာနဲ့ ။ကျွန်တော့်အနားမှာ ရှိနေသည့် သူက အကိုပဲလေ ။အကိုနဲ့ပဲ အနီးစပ်ဆုံး ရှိနေသည်ကို အကိုက ဘယ်ကကောင်မလေးတွေကိုပါ လာပြီး ဆွဲထည့်နေရသနည်း။ ထို့အတွက်ကြောင့်လဲ
အကို့ကို အော်မိသွားခြင်း ဖြစ်သည်။
VOCÊ ESTÁ LENDO
"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw
ContoComplete##✌️ လောကကြီးမှာလမ်းခွဲတွေဘယ်လောက်ပဲရှိရှိ အကိုက ကျွန်တော့်အတွက်တော့ တစ်ခုတည်းသာ တည်ရှိနေမယ့် လမ်းမကြီး---။ ခဏတာ ဖမ်းဆုတ်လိုက်ရတဲ့ လက်လေးက တစ်ဘဝလုံးစာ ဖမ်းဆုတ်ချင်တဲ့ထိ အကို အတ္တကြီးချင်မိပြီ ညီ---။ Edit: မြို့ငယ်လေးတစ်မြို့ကို တောက်ခံထားထာ...