အပိုင်း(၁၇)✌️"ငှက်သိုက်(သို့)ညီခေါ်သော အာတာပူစီချိုင်းမွှေး---"✌️

80 3 0
                                    

"အဟွတ် ဟွတ် တော်တော် နောက်မစီးတော့ဘူး
နောက်တော်ပြီ မစီး ---မစီးတော့ဘူး
လိပ်ပြာမလွင့်သွားတာတောင် ကံကောင်း
တော်သေး မလွင့်သွားတာ"

ပင်လယ်ဓါးမြပေါ်က ဆင်းလာပြီးထဲက သူငယ်ချင်းမရဲ့ အတော်မသတ်နိုင်တဲ့ အသံတွေကြားနေရသည်။

"ငါပြောဖို့လဲ ချန်ထားပါအုံး ပင်လယ်ဓါးမြစီးလို့ လိပ်ပြာမလွင့်ပဲ နင်ရိုက်လို့လိပ်ပြာလွင့်မယ့် ငါ့အဖြစ်ကိုလဲ သနားပါအုံး"

"တော်ပါ နင်က မကြောက်တော့ ငါရိုက်တာပဲ
ခံရတာလေ ငါ့မှာဆို အဟီိး အမေရဲ့ တော်ပါပြီ
နောက်တစ်ခါ ဘယ်တော့မှ မစီးတော့ဘူး"

သူငယ်ချင်းမနဲ့ ဟိုကောင်ရဲ့ အပြန်အလှန်ပြောသံတွေကိုလဲ ကြားနေရသည်။အကိုကတော့ သူတို့နှစ်ယောက်ကို ကြည့်ပြီးပြုံးသာပြုံးနေသည်။

"တော်ပါတော့ဟာ နင်လဲ ဘာမှမဖြစ်ပဲနဲ့
လူတွေလဲ ကြည့်နေကြပြီိ တော်တော့"

"တော်ပါ အခုမှ လာပြီး ငါအော်နေတုန်းကျ ဂရုမစိုက်ပဲ သူ့အကိုမှ အကို လုပ်နေပြီးတော့---"

"အာ အင် ငါက အဲ့လို--"

"အာတွေ အင်တွေ လုပ်မနေနဲ့ အဟင်း ---
မပြောချင်ဘူး"

စကားရှာမရဖြစ်နေတဲ့ ကျွန်တော့်ကို သူငယ်ချင်းမက ငိုနေရက်ကြီးနဲ့ ရန်တွေပြန်တွေ့နေသည်။
အကို့ကို ကြည့်လိုက်တော့ အကိုလဲ သူငယ်ချင်းမရဲ့စကားကြောင့် မျက်နှာ ကြီးငုံ့သွားသည်။

"တော်တော့လေ နင်ကလဲ အော်ပြောနေတော့၊
နင့်ကို ဘယ်သူမှ စီးဖို့ မပြောဘူး နင့်ဘာသာစီးမယ်ဆိုပြီး စီးတာ တော်တော့ ဟိုမှာမြင်လား ကလေးတွေတောင် စီးနေကြတာ နင်က ငိုနေတယ်"

ဟိုကောင်က သူငယ်ချင်းမကို ပြောပြီး
ပင်လယ်ဓါးမြစီးနေကြသည့် ကလေးတွေကို ညွှန်ပြနေသည်။ ထိုမှ သူငယ်ချင်းမလဲ သူ့ကို ရယ်သွားကြသည့် ရွယ်တူတွေ အငယ်လေးတွေကိုကြည့်ပြီးရှက်သွားသည်ထင် သူ့ပုံသူပြန်ပြင်ပြီး

"ဒီလိုပဲ ကြောက်သွားတယ် အဟင်း---"

ရုပ်တည်ကြီးနှင့် ချောင်းပြန့်ဟန်သည်။

"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw Where stories live. Discover now