အပိုင်း(၁၉)✌️"ရွှေသင်းကထိန်ပွဲနှင့် ဈေးဝယ်တတ်လွန်းသောညီ---"✌️

73 3 0
                                    

ညီနှင့် ပွဲထဲ လျှောက်နေချိန် ညီက စကားစမပြောလာရျ် ကျွန်တော့်ဘက်ကလဲ စကားအစရှာမရဖြစ်နေသည်။ ညီ့လက်ထဲက ငှက်သိုက်မုန့်ကလဲ အခုထိအရာတောင် မယွင်းသေး၊ အစောက ညီ့သူငယ်ချင်းတွေရဲ့ စနောက်မှုပါ ကိုယ်ကပါ ရှက်ကိုးရှက်ကန်းတွေဖြစ်ပြီး မျက်နှာတွေပူရသည် ။

ညီ့ကြည့်လိုက်တော့ညီကလဲ မျက်နှာပြတ်နေရျ် ကျွန်တော်နဲ့ စလို့မကြိုက်တာများလား ဆိုပြီး နှလုံးသားတစ်နေရာက နာကျင်လာရပြန်သည်။ အေးလေ ညီကလဲ ယောကျာ်းပဲယောကျာ်းတစ်ယောက် ဖြစ်တဲ့ ညီက ယောကျာ်းတစ်ယောက် ဖြစ်တဲ့ကျွန်တော်နဲ့ စတာ ဘယ်သူက ခံချင်မလဲ

ညီက LGBTကိုနားလည်လက်ခံပေမယ့်သူကိုယ်တိုင်က LGBTမဟုတ်သလို ကိုယ်ကလဲ LGBTမဟုတ်ရျ် ညီနှင့် ကျွန်တော်ကြားက ရင်းနှီးမှုက အဖြူထည် သံယောဇဉ်သက်သက်သာ ကျွန်တော်ကလဲ ညီ့ကို အဖော်အပေါင်း တစ်ယောက်လို ဆက်ဆံပြီး ညီကလဲ ကျွန်တော့်ကို အခန်းဖော် အကိုတစ်ယောက်ထက် မပိုမှာ သေရှာနေသည်က--- ညီရော ကျွန်တော်ရောသိသည့် အမှန်တရား။

ဒါဆို အစောကညီ့သူငယ်ချင်းတွေရဲ့ စနောက်မှုကိုကျွန်တော်က ဘာလို့ ပျော်နေရသနည်း--?။
ကျွန်တော် စိတ်မကောင်းဖြစ်တာ ညီ့မျက်နှာပြတ်သွားတာကိုလား--?။ဘာကိုလဲ ကျွန်တော်နဲ့ ညီရဲ့
ဆက်ဆံရေးကို ကျွန်တော် မစဉ်းစားချင်
ညီ့အနားမှာ ကျွန်တော်နေသွားချင်သည်။

ညီ့ဆန္ဒတွေကို တတ်စွမ်းသလောက် ဖြည့်ဆည်းပေးချင်သည် ။ညီစားတဲ့ အစာထဲ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားတွေဆို ကျွန်တော်က သတိတရနှင့်ဖယ်ရှားပေးချင်မိသည်။ ဒါတွေကဘာကြောင့် ဖြစ်လာရသနည်း ---?။

၇နှစ်၈နှစ်လောက် အပေါင်းအသင်းမထားလာခဲ့တာကြောင့် ညီ့အပေါ်မှာ ကျွန်တော့်ရဲ့သံယောဇဉ်က ကြောက်စရာကောင်းလောက်အောင်ကို တွယ်နေပြီလား ---? ။ ဒါကိုလဲ ကျွန်တော်မသိညီနှင့် ပါတ်သတ်ရင် ကျွန်တော့်ဘက်က ကွက်ရှင်မက်ခ် (?) တွေသာ ပြနေသည်။ ဒါကကော ဘာကြောင့်လဲ --?။

"ညီ ပွဲဈေးပါတ်မလို့လား စတိတ်ရှိုးကြည့်မလို့ဆို"

ကိုယ့်အတွေးတွေကို ဆက်မတွေးချင်တော့ရျ် ရောက်နေရာနေရာ၌သာ ဖြတ်ထားခဲ့ပြီး ညီ့ကို မေးလိုက်သည်။

"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw Where stories live. Discover now