အပိုင်း(၂၅)✌️"ကျွန်တော်တို့နှစ်ဦးနှင့် စပျစ်ခြံ---"✌️

82 2 0
                                    

"အကို လာလေ ခြံထဲသွားစို့"

ညီခေါ်မှ ကျွန်တော်လဲ ရှုပ်နေတဲ့ စိတ်တွေကို ရှင်းအောင်လုပ်ပြီး ညီခေါ်ဆောင်ရာ စပျစ်ခြံသို့
ဦးတည်လိုက်တော့သည်။

"ဖိုးသားရေ ဧည့်သည့်ကိုလဲ အားမနာဖို့ ပြောလိုက်အုံး။ခြံထဲ ကြည့်ချင်တာ အကုန်လျှောက်ကြည့်လို့ရတယ်။စားချင်တာတွေ့ရင်လဲ ခူးပြီး ရေဆေးပြီးကျွေးလိုက်ဟုတ်ပြီလား အားမနာနဲ့နော်။"

"ဟုတ်ကဲ့ ဦးပကြီးရေ စားမှာကိုတော့ မပူနဲ့ အဟီး--"

"ဟုတ်ပါပြီ ကဲပါတ်ကြည့်မလို့မလား ။ ကြည့်ကြ အသီးစွတ်ချိန်ဆိုတော့ ဖိုးသားအနား မလာနိုင်တာကိုတော့ စိတ်မဆိုးနဲ့ "

"ရပါတယ် ပကြီးရာ ဒီလူနဲ့ ဒီလူ ပြောစရာတွေလားဗျ"

ကျွန်တော်တို့ ခြံထဲရောက်တော့ ဦးပကြီးဆိုသူကပဲကျွန်တော်ကို အားမနာဖို့ ညီကနေတစ်ဆင့် ပြောသည် ။ညီကလဲ သူ့ရဲ့ မူပိုင်အပြုံးလေးနှင့်ပင်ပကြီးဆိုသူကို လှန်းနှုတ်ဆက်ပြီး ခြံထဲ ပါတ်ကြည့်နေကြသည်။

"လာ အကိုရ စပျစ်စွတ်ချိန်နဲ့ ကြုံတော့ ကျွန်တော်တို့အတွက်ပိုတောင် ကောင်းသေးတယ် ဒါမှ စံချိန်မှီ အရေးအသွေးမှီတဲ့ စပျစ်တွေကို မြင်ရတာ"

ညီက ပြောပြီး ခြံထဲက စပျစ်ခိုင်တွေကိုကြည့်ကာ ကျွန်တော့်ကိုလဲ ရှင်းပြနေသည်။

"ဟိုးမှာ blackကွင်းတွေ wow လှချက် အသီးတွေကလဲမိုက်ချက် ဒါတွေကို နိုင်ငံခြားတင်သွင်းမယ်ထင်တယ်"

ညီက ပြောပြီး အသီးစွတ်နေသည့် အမတစ်ယောက်အနားက ကတ်ကြေးယူကာblack ကွင်း တစ်ခိုင်ကိုဖြုတ်လိုက်ပြီး အနီးနာက ရေနှင့်ဆေးကာ ကျွန်တော့်စီ ပြန်လျှောက်လာသည်။

"ရော့ အကို စားကြည့် ဒါက အလုံးကြီးတယ် အရသာလဲ ကောင်းတယ် စား"

ကျွန်တော်လဲ ညီပေးလာသည့် စပျစ်ခိုင်ကို ဖြုတ်ပြီးစားကြည့်လိုက်သည်။ တကယ့် organicအသီးမလို့လားမသိဘူး စားရတဲ့အရသာက လတ်ဆတ်နေပြီးအရည်ကလဲ ရွှမ်းနေသည်။

"ကောင်းတယ် ညီ အရသာလဲရှိတယ်
ညီပြောတဲ့ နိုင်ငံခြားတင်သွင်းတယ်ဆိုတာက
ဘယ်နိုင်ငံတွေကိုလဲ ညီသိလား"

"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw Where stories live. Discover now