အပိုင်း(၁၄)✌️"ရွှေသင်း ကထိန်ပွဲနှင့် ညီ့အတွက် Greentea---"✌️

103 5 0
                                    

"ညီပြီးပြီလား သွားကြမယ်လေ"

"ပြီးပါပြီ အကိုရ လာပြီ လာပြီ အပေါ်ထပ်
ဝတ်နေလို့ပါ အကိုရ လာပြီ"

အခွင့်အခါကြုံရျ် ရမည်းသင်းမြို့၏ မဟာဘုံကထိန်ပွဲတော်ကြီးမှာ ပါဝင်ဆင်နွှဲနိုင်တော့မည်မို့ကထိန်အဝင်ထဲက ကျွန်တော်နှင့် ညီ နှစ်ဦးစလုံး
တတ်ကြွနေကြသည်။

နှစ်စဉ်တန်ဆောင်မုန်းလ၌ကျင်းပသည့် ကထိန်ပွဲက ရမည်းသင်းမြို့ရဲ့အထင်ကရ ပွဲဖြစ်ရျ် မြို့ခံတွေတင်မကပဲ တခြားမြို့က ဧည့်သည့်တွေနှင့်ပါ ကထိန်ပွဲက စည်းကားလျှက်ရှိနေသည် ။ ကထိန်အဝင်ထဲက ရန်အောင်မြင် ဘုရားရှေ့ ခင်းထားတဲ့ ဆိုင်တွေကလဲ နာရီစဉ် လမ်းတစ်လျှောက်လုံးနှင့် ဈေးတစ်ပါတ်လုံး ပြည့်နေလေသည် ။

နေရာမလပ် ဆိုင်တွေနှင့် ပြည့်နေပြီး လက်ညှိုးထိုးမလွှဲ မုန့်ဆိုင် အရုပ်ဆိုင်တွေက ကလေး လူကြီးတွေရဲ့အာရုံတွေကို ဖမ်းစားထားပြီး ၊ ကလေး လူကြီး အရွယ်မရွေး ကစားလို့ရသည့် ကစားစရာများနှင့် စီးစရာများကလဲ မြို့ထဲ၌ ထီးထီးကြီး ခင်ကျင်းထားကြသည် ။

ကထိန်ပွဲထဲပါတ်တာတော့ ညီနှင့်အဝင်နေ့ထဲက ပါတ်ရျ် စားသင့်သလောက် လည်သင့်သလောက် စုံနေပြီ ပြောရမည် ။ဒီရက်ကတော့ ကျောင်းလဲ အားရျ် ညီပြောသလို ကထိန် အလှည့်ထဲက လိုက်ကြည့်ကြမည်ဖြစ်သည်။

အရင်ရက်တွေက ကျောင်းကလဲ လှူရျ် ကျောင်းအလှူ၌ပါဝင်နေရရျ် မြို့မ (အ.ထ.က) ကထိန်လှည့်တာကို မကြည့်လိုက်ရပေ ။

ဒါကိုလဲ ညီကမကျေနပ် အ.ထ.က (၁)လှည့်တဲ့ နေ့တွင်တော့ ရောက်အောက်ကြည့်မည်ဆိုပြီး တင်းထားတဲ့ ညီ့စိတ်အစုံကဒီနေ့တော့ ပြည့်ရျ် ကြည့်ရတော့မည် ဖြစ်သည်။

ဒါကို မနက်ထဲက

"အကို ၁နာရီ အမှီသွားမှာနော်---။
အကို အိပ်မနေနဲ့နော် ။အကို ရေချိုးတော့လေ"
နှင့်အနားတစ်ပြစ်တောက်တောက်လိုက်ပြောနေသည့်ညီကအခုသူမဟုတ်တဲ့အတိုင်းလာပြီဆိုပြီးအခုထိပေါ်မလာသေးချေ။ဒီကောင်လေးဘာတွေသည်လောက်တောင်ပြင်ဆင်နေပြန်ပြီလဲ။

"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw Hikayelerin yaşadığı yer. Şimdi keşfedin