အပိုင်း (၃၂)✌️"ညီနှင့် ဆွေးနွေးမိသော လူသားရေးခံယူချက်---"✌️

75 2 0
                                    

"ညီ လူတွေက ဆန်းကျယ်တယ်နော်"

"ဘာကိုလဲ အကိုရဲ့"

"မဟုတ်ပါဘူး အကို နည်းနည်းအတွေးဝင်လာလို့"

ဓါတ်ပုံရိုက်နေရင်း အကောင်းမှ အကိုက ဘာကိုမြင်ပြီး ဘာကိုတွေးနေသည်မသိ လူတွေက ဆန်းကျယ်ပါ့လားဆိုပြီး အပြုသဘောဆောင်တဲ့ အမေးစကားတွေထွက်လာပြန်သည်။

'အဟင်း ---ဒီအကိုတော့ ဘာစကားတွေသိချင်နေပြန်ပြီလဲ မသိ ။ အကိုက သည်လိုပင် ကိစ္စနည်းနည်းလေးသိချင်ပြီဆိုရင် စကားပလင်တွေခံပြီး မေးလာတတ်သည်'။

"အကို ဘာကိုသိချင်တာလဲ အကိုသိချင်တာ ရဲရဲသာမေး ။ ကျွန်တော် ပြောပြီးသားပဲ ကျွန်တော်သိတာတွေဆို အကို့ကို ပြောပြမယ်လို့ ပြောခဲ့တယ်မလား"

"အင်း ---ဒါဆို အကိုညီနဲ့ လူတွေရဲ့ အသားအရောင်အယူဝါဒ ကိစ္စတွေရဲ့ ထင်မြင်ယူဆချက်တွေကို နည်းနည်းဆွေးနွေးချင်တယ်"

"ဟုတ်ပြီ အကို ဒါဆို ကျွန်တော်တို့ ဟိုးက ထိုင်ခုံလေးမှာ ထိုင်ပြီး ပြောဖို့တော့လိုလိမ့်မယ် အကို"

"အင်းညီ"

ညီ့ကို ဓါတ်ပုံရိုက်ပေးနေရင်းမှ စိတ်က ဘာမှန်းမသိ ညီ့ကို မေးမြန်းချင်လာသည် ။ ညီက ဘာအကြောင်းအရာဖြစ်ဖြစ် စနစ်တကျ ရှင်းလင်းပြတတ်သည်မို့ ဒီလို သဘောထားကွဲလွဲမှုတွေကိုလဲသိချင်သည်။ ညီ့ရဲ့ လူတွေအပေါ် ခံယူချက်ကိုလဲသိချင်မိသည် ။ဘယ်လောက်ပဲ ရင့်ကျက်တည်ငြိမ်တဲ့ သူဖြစ်နေပါစေ လူသားတွေအပေါ် ညီမြင်သည့် ထင်မြင်ယူဆချက်ကို သိချင်သည်မို့ ညီ့ကိုအမေးစကားဆိုလိုက်မိသည်။

"အကို အစောကဝတ်ပြုနေတဲ့ ကသလစ်ဘာသာဝင်တွေထဲမှာ ထူးခြားတာတွေ့မိလား"

"တွေ့တယ် ညီ"

အဟား ---ဟုတ်ပြီ အကို ဘာလို့ ဒီမေးခွန်းကို ကျွန်တော်နဲ့ ဆွေးနွေးချင်လဲ ဆိုတာ ကျွန်တော်သိပြီ။

"လူသားတွေက ခက်တယ် အကိုရဲ့။ဘုရားသခင် ဖန်ဆင်းလိုက်ထဲက လူသားဆိုပြီးဖန်ဆင်းလိုက်တာရှင်းရှင်းလေးပဲ လူသားဆိုပြီးပေါ့ ---။ဘုရားသခင်က သူကတော့ အဖြူ ၊သူကတော့ အမဲဆိုပြီး မခွဲခြားလိုက်ဘူး ။ဒါပေမယ့် လူ့လောကထဲ ရောက်လာတော့တန်းစည်းကြိုပြီး ခွဲခြားလိုက်တာက ဘုရားခင်ဖန်ဆင်းလိုက်တဲ့ လူ့လောကထဲ အရင်ရောက်နေတဲ့ ဒီလူသားတွေကပဲ တန်းခွဲခြားပေးလိုက်ပြန်တယ်။သူက ဖြူရင် ဖြူတယ်ဗျာ ။သူကမဲရင် မဲတယ်ဆိုပြီး။
ကျွန်တော်တို့ငယ်ငယ်ကဆို ငိုနေရင် "နင့်အမေ ကုလားကြီးနောက် လိုက်သွားပြီမငိုနဲ့ ---နင့်အဖေ ကုလားမကြီးနောက် လိုက်သွားပြီ "သည်လိုမျိုးတွေ စကြတယ်။တကယ်တော့ ဒါတွေက ကလေးတွေဆိုတဲ့ ဘာဖြစ်ဖြစ် ခံစားချက် နုနုနယ်နယ်လေးတွေရှိတဲ့ ကလေးတွေကို ဒီလို အတွေးတွေဝင်အောင် လုပ်ရမှာမဟုတ်ဘူးလေ ။အဲ့မှာ စမှားတာပဲ လူသားအချင်းချင်း၊အသားအရောင် ခွဲခြားမှုက။ အဲ့ဒီ့ကလေးက စိတ်ထဲဆွဲသွားပြီ ငါဆက်ငိုရင်" ငါ့အမေက ကုလားကြီးနဲ့လိုက်သွားမှာပဲ ငါ့အဖေက ကုလားမကြီးနဲ့ လိုက်သွားမှာပဲဆိုပြီး" သည် ဖြူစင်တဲ့ ကလေးရဲ့ စိတ်ထဲကြီးမားတဲ့ အမည်းစက်ကြီး ဝင်သွားပြီ။
ဖြူတာနဲ့ ရှမ်းတရုတ်ကြီး၊ မဲတာနဲ့ ကုလားကြီးဆိုပြီးပြောစရာလား ။လူသားအချင်းချင်းပဲလေ ။ ဖြူဖြူ မဲမဲ အဓိက အမ် အိုင် အန်း ဒီ (MIND)ဆိုတဲ့ စိတ်ထားကောင်းနေဖို့ပဲ ။အဲ့ဒီ့ အမ် အိုင် အန်း ဒီ(MIND) ဆိုတဲ့ စိတ်ကြီးကသာ မကောင်းရင် ရုပ်ဘယ်လောက်ပဲ ချောနေပါစေ၊ အသားတွေဘယ်လောက်ပဲ ဖြူပြီး ဝင်းစက်နေပါစေ၊ စိတ်ဓါတ်မှ မကောင်း ဘာသွားလုပ်တော့မလဲ။ လူတွေက ဒီနေရာကျတော့ ခက်တယ်ဗျ။ ရုပ်ပိုင်းဆိုင်ရာပဲ ကြည့်ပြီး သူက ချောတယ် ၊သူက မချောဘူးဆိုပြီး ရုပ်ပိုင်ဆိုင်ရာနဲ့တင် ဆုံးဖြတ်တာကြီးကအရမ်း ဆိုးဝါးလွန်းတယ်။ ဒီနေရာမှာ ကျွန်တော်အကြောင်းအရာ လေးနှစ်ခုကို သွင်းပြီး ပြောချင်တယ် အကို ။

"ကျွန်တော်ချစ်သောရွှေသင်းသားလေး" (complete✌️)Uni /Zaw Where stories live. Discover now